Two

4.2K 241 7
                                    

Unicode ver

Taehyung သူ့အိမ်ထဲဝင်လာပြီး
သူ့မိဘတွေကို အရင်ကြည့်လိုက်တယ်
သူတို့က တီဗီကြည့်ကြပြီး
သူ့ကိုမြင်တာတောင်မှ ဘယ်ကပြန်လာတာလဲမမေးဘဲ
မသိချင်ယောင်ဆောင်နေကြတယ်။

"ကောင်းသောညပါ ဖေဖေနဲ့မေမေ"
လို့ ပြောပြီး သူ့အခန်းထဲကို သွားလိုက်တယ်။
ချစ်စရာကောင်းပြီး ချစ်စရာကောင်းလွန်းတဲ့
ဒိကောင်လေးကသူ့မိဘတွေက
Goodnightပါလို့ ပြန်တောင်မပြောခဲ့ကြဘူး...

ဒါပေမဲ့လဲ Taehyungကသူ့မိဘတွေကိုအရမ်းချစ်တယ်။
သူ့အခန်းထဲမှာ jungguk အကြောင်းတွေးနေတာကို
မရပ်နိုင်ဘူး ...jungguk က နောက်တစ်ခါမတွေ့ရတော့ဘူးလို့ ပြောတဲ့အတွက် ဝမ်းနည်းတယ်။

ရူးချင်စရာကောင်းပေမယ့် သူ့မှာ jungguk ကို သဘောကျတဲ့ အရာတစ်ခု ရှိနေပြီလေ။
သူရဲ့လှပလွန်းတဲ့တက်တူးတွေ...
သူ့ရဲ့ညို့အားပြင်းတဲ့မျက်ဝန်းတွေ
စီးကရက်ကိုသောက်တဲ့ပုံစံတွေ
လူငယ်ဆန်ဆန် နားကပ်တ
အများကြီးနဲ့ချောမောလှပတဲ့သူကTaehyung
အတွက်တော့ရင်ခုန်စရာကောင်းလွန်းနေတယ်..

Junggukကဘာလို့ဒီလိုပြောနေတာလဲ သိချင်တယ်။
သူ့တက်တူးအားလုံးကို အနီးကပ် မြင်ပြီး အဲ့တက်တူးတွေရဲ့
အဓိပ္ပါယ်ကိုလည်း သိချင်သည်။

"Oh my god ...ငါရူးနေပြီလား...!!
လူတစ်ယောက်ကိုတခါမှဒိလိုအသေးစိတ်မတွေးမိဘူး
ငါသူ့ကိုသဘောကျသွားတာလား...မဖြစ်နိုင်တာအခုမှသူနဲ့
ငါကပထမဆုံးတွေ့ဘူးတာ ဘာလို့သဘောကျရမှာလဲ
အာ..shit မသိတော့ဘူးကွာ..အိပ်တာပဲကောင်းတယ်"

အိပ်တော့မယ်လို့ ဆုံးဖြတ်ပြီး မျက်လုံးမှိတ်ကာ
အိပ်ယာထက်လှဲလျောင်းပြီးအိမ်မက်ကမ္ဘာဆီကို
ရောက်အောင်အိပ်လိုက်တယ်..။

မနက်စာစားချိန်မှာ Taehyungအိပ်နေပေမယ့်
သူ့အမေကသူ့ကိုလာနှိုးတယ်...

"ဟဲ့ထတော့..ဘယ်အချိန်ရှိနေပြီလဲ
အခုထပြီးပန်းကန်တွေထဆေးစမ်း..."

Taehyung ကိုနားရွက်ကိုဆွဲပြီးပြောနေခဲ့တယ်

"ဟုတ် ကျွန်တော်အခုပဲထပြီးလုပ်လိုက်ပါ့မယ်"

taehyung က မညည်းမညူ ပန်းကန်တွေကို
ဆေးကြောပြီး...အိမ်သန့်ရှင်းရေးလုပ်တယ်။
သူ့ကိုဘာခိုင်းခိုင်း Taehyungမငြင်းဘူး ..ပြန်မပြောဘူး
ကိစ္စမှန်သမျှအကုန်လုပ်ပေးတယ်....
ဒါပေမဲ့အမေက ဘာလို့ကောင်းကောင်းမဆက်ဆံလဲမသိဘူး

SAVE ME (Completed)Where stories live. Discover now