သူ့အကြောင်းတွေ တသီတတန်းကြီးပြောရင်း ရည်းစားစကားပါ ကြားညှပ်ပြောတဲ့ ဝမ်ရိပေါ်ကာလာက .. စာအိတ်ကလေးပါ လက်ထဲထိုးထည့်ပေးလာသေးတယ် .. ။
သူ့ဘက်က စကားစဖြတ်တော့ ရှက်ကိုးရှက်ကန်းဟန် လည်ဂုတ်ဆီ လက်နဲ့ပွတ်သပ်နေလေရဲ့ .. ။
“ အရမ်းသိသာသွားတာလား .. ”
“ အင်း .. အရမ်းကိုပဲ .. ”
“ ဘာလို့ပါလိမ့် .. ကျွန်တော် ဇာတ်လမ်းထဲကြည့်ဖူးတာတော့ .. ”
“ ဇာတ်လမ်းက ဇာတ်လမ်းလေကွာ .. ”
“ အော .. ဒါဆို အဖြေပေးတော့ .. ”
“ ဒါလည်း ဇာတ်လမ်းထဲက အတုခိုးပြန်တာပဲလား .. ”
“ မဟုတ်ဘူး .. ”
အကြံတွေ တစ်ခုမှမအောင်မြင်တာမို့ သိသိသာသာ မျက်နှာမဲ့ကျရင်း .. စူအောင့်အောင့် ပြန်ဖြေတယ် .. ။
သူကတော့ .. အခုဖြစ်သွားတဲ့ပုံစံလေးကို သဘောကျလွန်းလို့ လက်ထဲကစာအိတ်ကို ဝမ်ရိပေါ်ကာလာရဲ့ပုခုံးပေါ် တဖျတ်ဖျတ်ရိုက်ပြီး ရယ်မိရတာပဲ .. ။
တကယ်လေ .. ။
အလယ်တန်းကျောင်းသားလေး ဝမ်ရိပေါ်ကာလာက .. တကယ့်ကို ကလေးလေးရှိသေးတာရယ် .. ။
ကလေးရုပ်မပျောက်သေးတဲ့ ပါးဖောင်းဖောင်းမျက်နှာလေးနဲ့ .. ။ စကားတစ်ခွန်းပြောတိုင်း တစ်ခါထော်ထွက်လာတတ်တဲ့ အသည်းပုံနှုတ်ခမ်းလေးနဲ့ .. ။ အလိုမကျရင်မကျသလို တန်းပြီးလည်း မျက်နှာပျက်သွားတတ်သေးတယ် .. ။ ပြီးတော့လည်း .. ရည်းစားစကား ပြောပုံပြောနည်းကို ဇာတ်လမ်းတွေထဲကတဆင့် သင်ယူပါသတဲ့ .. ။
“ မနက်စာရော စားခဲ့ပြီးပြီလား .. ”
“ လုံးဝပဲ .. ”
“ ဒါပြန်ယူထားဦး .. ”
“ ဘာလို့ ? .. ဒါ ပြန်ပေးတာလား .. အခုက ငြင်းလိုက်တာလား .. ”
“ လက်အိတ်ချွတ်မလို့ ခဏကိုင်ထားပေးခိုင်းတာပါကွာ .. ဒါမဲ့ ငြင်းတာတော့လည်း ငြင်းမှာ .. ”
“ စာအိတ်တော့ ပြန်မပေးပေမယ့် ငြင်းတာတော့ ငြင်းမယ်ပေါ့ .. လူကြီးတွေက ဉာဏ်များလိုက်တာ .. ”
_3 OPEN-HEARTED
Start from the beginning
