Unicode
“ အားကျန့် ပိုးသတ်ဆေးတွေ သောက်လိုက်ပြီ .. ”
“ ဆေးရုံကား ဆေးရုံကား !! ”
“ ယောက်ျားရယ် ကျွန်မတို့သားလေး .. . ”
တိမ်ကင်းစင်တဲ့ သာသာယာယာ မနက်ခင်းတစ်ခုလုံး .. ဆူညံတဲ့အခါသမယအဖြစ် ရုတ်ချည်းပြောင်းလဲသွားတယ် .. ။
မာမားက သူ့ကိုပွေ့ပြီး အသည်းအသန်ငိုနေတယ် .. ။ ပါပါးခမျာ မာမားကိုတောင် အားပေးစကားမဆိုနိုင်ဘဲ နေရာတင် ကြောင်အရပ်ကြည့်လို့ .. ။ ပန်းခြံထဲက ဝန်းထမ်းလေးတွေ ဟိုဒီပြေးလွှား အော်ဟစ်နေကြတယ် .. ။
စည်းရိုးဖြူဖြူတွေ ကာရံထားတဲ့ သူတို့ခြံဝန်းရှေ့ .. ဆေးရုံကားတွေ တဝီဝီရောက်လာတယ် .. ။
သူ့ရဲ့ အရောင်အသွေးစုံလင်လှတဲ့ ကမ္ဘာလောကကြီးက .. အဲ့ဒီ့နေ့မှာ အဆုံးသတ်ပါတယ် .. ။
🌫️
“ ကျူးလစ်ခင်းထဲကလည်း ထွက်ခဲ့ပါဦး ကိုကိုလေးရဲ့ .. ”
“ ယွီပင်း ? ”
“ မဟုတ်ဘူးဟ .. မင်းဘိုးအေ ငါ .. ”
“ ခုနအော်ခေါ်တာ ငါလေ .. ဘယ့်နှယ့်ကို မင်းဖြစ်ရမှာတုန်း .. ”
ကျိုးချန်က အော်ပြောရင်း ကျူးလစ်ခင်းထဲဆီ ပြေးချလာတယ် .. ။ နောက်မှာတော့ ယွီပင်းက ပတောက်ပတောက်တွေ ရေရွတ်ရင်း တန်းလန်းတန်းလန်းနဲ့ .. ။
“ ပန်းပင်တွေကြား အရမ်းမပြေးကြနဲ့ .. တစ်ပင်လှုပ်ရင် ယွမ်တစ်သိန်းပဲ .. ”
“ နေဦး .. ငါခွက်စုတ်ကလေးရှေ့ချပြီး လမ်းလေးခွစုံ သွားထိုင်နေလိုက်ဦးမယ် .. ”
“ ငလူးတဲ့မှ! မင်း အမြတ်ကြီးစားကောင် .. ”
ခြိမ်းခြောက်မှုက အရာထင်တယ် .. ။
ဒါမဲ့ .. ယွီပင်းတစ်ယောက်တည်းအပေါ်မှာပဲ .. ။
အဲ့ဒီ့ကျိုးချန်စုတ်ကတော့ ဟိုအပင်လှမ်းရိုက်လိုက် ဒီအရွက်ဆိတ်ပစ်လိုက်နဲ့ .. ။ သူ့မှာ .. အလကားသက်သက် အမြတ်ကြီးစားကောင်လို့ အပြောခံလိုက်ရတာပဲရှိတယ် .. ။
“ ဒီမှာကြည့်စမ်း .. ဒီနေ့ ငါဘာရလာခဲ့တယ်ထင်လဲ .. ”
“ အီးကုန်းစာရွက် .. ”
