_3 OPEN-HEARTED

906 128 33
                                        


Unicode











ဟိုးအရင်တွေနည်းတူ .. အိပ်ရေးဝဝနဲ့ ကြည်ကြည်စင်စင် နိုးထလာတဲ့ မနက်ခင်းဖြစ်တယ် .. ။

အိပ်ရာကထထိုင်ပြီး စားပွဲတင်နာရီဆီ လှမ်းကြည့်လိုက်တော့ ငါးနာရီဆီ ညွှန်ပြနေလေရဲ့ .. ။ ရှစ်နာရီအတိ လုံလောက်တဲ့အိပ်ချိန် ယူပြီးတဲ့နောက်မှာ သူ့ခန္ဓာကိုယ်ကလည်း လန်းဆန်းတက်ကြွလွန်နေရောပဲ .. ။

တန်းပြီးအိပ်ရာမခေါက်သေးဘဲ ကုတင်ပေါ်ကဆင်းပြေးပြီး ပြတင်းတံခါးလိုက်ကာစကို ဘေးဘက်ဆွဲစုလိုက်တယ် .. ။ ပြာလွင်တဲ့ အရောင်လှလှကို မျှော်လင့်ထားပေမယ့် .. သူ့မျက်ဝန်းထဲ ပုံရိပ်ထင်တဲ့ ကောင်းကင်ကြီးကတော့ မီးခိုးဖျော့ရောင် သမ်းနေတုန်းပဲရယ် .. ။

“ ဘာလို့ ? ကောင်းကင်ကြီးက BLUE color ပြာနေရမှာကို .. ”

တစ်ကိုယ်တည်းရေရွတ်ပြီး ပြတင်းတံခါး လှပ်လိုက်တယ် .. ။ လှမ်းမြင်နေရတဲ့ ပန်းခင်းကျယ်တွေထဲ .. မနက်ပိုင်း ပန်းခူးဝန်ထမ်းတွေက အဖြူကိုမှအရောင်ကွဲနဲ့ လှုပ်စိလှုပ်စိရယ် .. ။

ခေါင်းတခါခါနဲ့ပဲ ကုတင်ငယ်လေးဆီ ပြန်လှမ်းလာခဲ့ပြီး အိပ်ယာသိမ်းရတယ် .. ။ နေ့တိုင်းတွေ့မြင်နေကျ အရောင်မဲ့ကောင်းကင်ကြီးကို ဆေးရောင်စုံခြယ်ဖို့ .. သူက ဘာတွေ အလောတကြီးဖြစ်နေပါလိမ့်ပဲ .. ။


🌫️


“ မား .. မား မြန်မြန် .. ”

“ ကျန့်ကျန့်ကွယ် .. အလန့်တကြား .. ”

“ ဒီ .. ဒီ macaroon တွေ .. ”

မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး ရေချိုးခန်းထဲကထွက်လာချင်း .. ကိုယ့်အခန်းကိုယ်မပြန်ဘဲ မီးဖိုချောင်ဆီ တမင်ဝင်လာခဲ့တာရယ် .. ။

ရည်ရွယ်ချက်ကတော့ ရိုးရှင်းတယ် .. ။
မားပြင်ဆင်ထားတဲ့ သွားရည်စာမုန့်တွေ သုံးလေးခုလောက် ကောက်မြည်းပေးဖို့ .. ။

မရိုးရှင်းဘဲ ဆန်းပြားနေတာက သူ့အမြင်အာရုံတွေ .. ။ မုန့်ဗန်းကျယ်ကျယ်ထဲ စီစီရီရီနေရာယူထားတဲ့ macaroon တွေထဲ .. နေ့ကောင်းကင်ကြီးလို BLUE color အပြာရောင်တွေ တစ်တန်းလိုက်ကြီး မြင်နေရတာရယ် .. ။ အရင့်အရင်နေ့တွေလို အဖြူကို အရောင်ကွဲနဲ့မဟုတ်ဘဲလေ .. ။ နေ့ကောင်းကင်ကြီးလို BLUE color အပြာရောင်တွေ ထင်ထင်ရှားရှားနဲ့ .. ။

CLOUDY 「 COMPLETE 」Opowieści tętniące życiem. Odkryj je teraz