အဖြူရောင်ကျူးလစ်ပန်းခင်းထဲ ‌မြက်တစ်ပင်နှုတ်လိုက် ကောင်းကင်ပြာပြာကို မော့ကြည့်လိုက် .. မြေတစ်ချက်ဆွလိုက် ကောင်းကင်ပြာပြာကို မော့ကြည့်လိုက်နဲ့ အလုပ်များနေတဲ့သူ့ဆီ .. အသံတစာစာနဲ့ ကောင်လေးတစ်ယောက် ပြေးလာနေတယ် .. ။

မြှောက်ထားတဲ့လက်တစ်ဖက်ထဲ စာအိတ်ကလေးကို တဖျတ်ဖျတ်လှုပ်ရင်း .. သူ့နာမည် အော်ခေါ်ရင်းနဲ့လေ .. ။


“ .. ဝမ်ရိပေါ်ကာလာ ”

သူ့နာမည်ကို လိပ်မူပြီး ရည်းစားစာရေးမယ်ဆိုတဲ့ အဲ့ဒီ့ကောင်လေး .. ။

ညတုန်းကတောင် မအိပ်ခင်ခဏ စဉ်းစားဖြစ်သေးတယ် .. ။ ရည်းစားစာပေမယ့် သူ့နာမည်ကို လိပ်မူမှာဆိုတော့ စာတိုက်တဆင့်ပို့ပြီး စာပို့သမားက သူ့အိမ်လာပေးမှာလား .. ။ ဒါမှမဟုတ် .. သူတို့အိမ်ခြံစည်းရိုးက မီတာခစာရွက်တွေ လာလာထည့်ကြတဲ့ စာတိုက်ပုံးသေးသေးလေးထဲ လာထည့်ထားမှာလားလို့ပေါ့ .. ။

အခုလို .. စာလာတယ် တကြော်ကြော်အော်ပြီး လူကိုယ်တိုင်တကူးတကနဲ့ သူ့ဆီအရောက် လာပေးလိမ့်မယ်တော့ .. ယောင်မှားလို့တောင် မတွေးမိဘူးရယ် တကယ် .. ။


“ အခုက စာလာပို့တာ .. ညနေကျ လောင်ရှီးတို့နဲ့အတူ ထပ်လာဦးမှာ .. ”

“ အဲ့ဒါကြောင့် အစောကြီးလာတာကိုး ..  ”

“ ဟုတ်လားဗျ .. အရမ်းစောသေးတာလား ..
ညက ရည်းစားစာရေးပြီးကတည်းက မနက်မိုးလင်းမှာ ထိုင်စောင့်နေတာ .. တကယ် အတော်ကြာတာကြီးပဲ .. အရင်နေ့တွေကဖြင့် မိုးလင်းဖို့ အဲ့လောက်မကြာပါဘူး .. အိပ်ရာထဲရောက် ခဏလေးအိပ်ပြီး မျက်လုံးဖွင့်တာနဲ့ ရှစ်နာရီတန်းထိုးတာများ .. ချစ်တယ်ဗျ ကောကောရ .. ကျောင်းအမှီရောက်အောင် မနည်းခြေကုန်သုတ်ပြေးရတယ် .. ဒါမဲ့လည်း အမြဲတမ်းကျောင်းနောက်ကျတာပဲ .. ဒီမှာရယ် ရည်းစားစာက .. လောင်ရှီးဆို အသေဆူတာ .. အတန်းခေါင်းဆောင်ဖြစ်ပြီး အမြဲနောက်ကျ . .. ”

“ ရိပေါ်ကာလာ .. ”

“ .. ဗျ ”

“ ရပြီ .. ပြောတာလည်း ကြားပြီးပြီ .. စာလဲ လက်ထဲရောက်ပြီ .. ”


CLOUDY 「 COMPLETE 」Where stories live. Discover now