“ ဟ .. အာ .. ”
အပြာရောင် macaroon အတန်းဆီ လက်ညှိုးထိုးပြပြီး ဘာမှဆက်မပြောဘဲ ရပ်သွားတဲ့သူ့ကို .. မားက တစ်ခုယူခွံ့ပေးဖို့ ပြင်တယ် .. ။
တကယ်လေ .. ။
ကလေးများလို အာ .. ဆိုပြီး ပါးစပ်ဟဖို့တောင် ရှေ့ကတိုင်ပေးနေသေးတာရယ် .. ။
“ မဟုတ်ဘူး မား .. ခွံ့ပေးဖို့ မဟုတ်ဘူး .. ”
“ မဟုတ်ရင် ဘာဖြစ်လို့တုန်း .. macaroon တွေပေါ် ပင့်ကူဖြတ်ပြေးသွားလို့လား .. ”
“ အဲ့ .. အဲ့ဒါလည်း မဟုတ်ဘူး .. သူတို့ရဲ့အရောင် .. ဒီ macaroon အတန်းလိုက်ရဲ့ အရောင် .. နေ့ကောင်းကင်ကြီးလို BLUE color အပြာရောင် .. ”
“ .. ? ”
“ ဟင် မား .. ဟုတ်တယ်မလား .. ”
“ ကျန့်ကျန့် .. ဘယ်လိုလုပ်ပြီး .. ”
“ ဒီဇွန်းရဲ့ လက်ကိုင်က အပြာရောင် .. ဒီအောက်ခံပြားကလည်း အပြာရောင် .. အခု မာမားအင်္ကျီက ပန်းပွင့်သေးသေးလေးတွေကလည်း အပြာရောင် .. ဟုတ်လား .. အကုန်လုံးက နေ့ဘက်မြင်ရတဲ့ ကောင်းကင်ကြီးလို BLUE color အပြာရောင်တွေချည်းမလား .. ”
ရုတ်တရက်မို့ ကြောင်အသွားတဲ့မာမားက .. သူ့ကိုခွံ့ဖို့ပြင်ထားတဲ့ လက်ထဲက macaroon ကို သူ့ပါးစပ်ထဲသူ ပြန်ခွံ့တယ် .. ။ သူကတော့ တဟီးဟီးရယ်ရင်း မီးဖိုချောင်ထဲက အပြာရောင်ပစ္စည်းတွေကိုချည်း လိုက်ရှာပြနေမိတော့တာပဲ .. ။
နောက် .. မီးဖိုခန်းပြတင်းကနေ လှမ်းမြင်တွေ့ရတဲ့ သူ့ရဲ့နေ့ကောင်းကင်ကြီး .. ။ တဖြည်းဖြည်းချင်း ပြာလွင်လာနေတဲ့ နေ့ကောင်းကင်ကြီး .. ။
ဒါဖြင့် မိုးစင်စင်လင်းချိန်မှပဲ ကောင်းကင်ကြီးက အပြာရောင်ပြောင်းတာပေါ့လေ .. ။
လှတယ် .. ။
အပြာရောင်က သိပ်လှတယ် .. ။
သူ့မှာ သဘောကျရလွန်းလို့ .. မီးဖိုခန်းထဲကပြေးထွက် တစ်အိမ်လုံးပတ်ပြီး အပြာရောင်တွေ လိုက်ရှာမိတဲ့အထိကိုပဲ .. ။
🌫️
“ စာလာတယ် .. စာလာတယ် ..
ရှောင်းကျန့်ကောကောဆီကိုတဲ့ဗျ .. စာလာနေတယ် .. ”
_3 OPEN-HEARTED
Start from the beginning
