“ မတူဘူးပါဘူးကွာ ... စိုင်းလေး ဘာမှမသိပဲနဲ့။
ကိုယ်က  ယောက်ျားချင်း ကြည့်ရင် သိတယ်။ သူ စိုင်းလေးကိုကြည့်တဲ့အကြည့်တွေက နည်းနည်းလေးမှ မရိုးဘူး ”

ဆရာဘာဖြစ်နေသလဲဆိုတာ စိုင်း အခုမှပဲရိပ်မိသွားပြီး ကျေနပ်စွာ ပြုံးရယ်လိုက်လေသည်။

“ လတ်စသတ်တော့ ဆရာ သဝန်တိုနေတာပဲ ”

ဆရာ့မျက်နှာ ရဲခနဲဖြစ်သွားပြီး နက်မှောင်ရွှန်းလဲ့နေသော မျက်ဝန်းများ အနည်းငယ် ဂဏာမငြိမ်ဖြစ်သွားခဲ့သည်။
ဆရာ ဘာဆက်ပြောလိုက်ရမှန်းမသိဘဲ တွေးတောချိန်ဆသလို ငြိမ်သက်နေ၏။ ထိုအခါ စိုင်းက ဆရာ့ဆီ အသာအယာလျှောက်သွားလိုက်ပြီး ဆရာ့လက်မောင်းကို ခပ်ချွဲချွဲကလေး ဆွဲချိတ်တွဲ၍ ပခုံးပေါ်ခေါင်းမှီလိုက်သည်။

“ ဒါဆိုရင်  ဆရာ ကျနော့်ကို Joy နဲ့ တစ်ချိန်လုံး သဝန်တိုနေခဲ့တာပေါ့ ... ဟင် ”

စိုင်း ဆရာ့ကို စိတ်လိုလက်ရ မော့ကြည့်လိုက်တော့
ဆရာ၏ ယောက်ျားဆန်ဆန် ပြေပြစ်ကျနစွာ ထောင့်ချိုးလျက်ရှိသော  ဂျောလိုင်း ( Jaw Line ) ကိုနီးကပ်စွာတွေ့မြင်ရပါသည်။ ထို ဂျောလိုင်းတစ်လျှောက်တွင် ဆွဲဆောင်မှုရှိစွာ ခပ်ရေးရေးထင်နေသော စိမ်းစိမ်းဖန့်ဖန့် ပါးသိုင်းမွှေးအရာလေးများအား ဗြုန်းခနဲ လက်နဲ့ထိတွေ့ချင်စိတ်ပေါ်ပေါက်လာခဲ့သည်။

ဆရာသည် ပင့်သက်ရှိုက်၍ စိုင်းကို ညင်ညင်သာသာ ငုံ့ကြည့်လာပြီး ရိုးသားပွင့်လင်းစွာ ဝန်ခံခဲ့၏။

“ ဟုတ်တယ်၊ ကိုယ် မင်းကို သဝန်တိုနေတယ်၊
ဒါပေမဲ့ စိတ်ချပါ စိုင်းလေးရာ၊ ကိုယ် စိုင်းလေးရဲ့ လွတ်လပ်ခွင့်တွေကို ဘယ်တော့မှ လိုက်ကန့်သတ်ချုပ်ချယ်တာမျိုးလုပ်မှာမဟုတ်ပါဘူး ”

စိုင်း ဆရာ့ကို ထက်မြက်သောပညာအရည်အချင်းနဲ့မဆိုင်ဘဲ ချစ်သူရည်းစားတစ်ယောက်အနေနဲ့
ပထမဆုံးအကြိမ် အထင်ကြီးလေးစားသွားခဲ့သည်။
ထို့နောက် စိုင်းသည် ဆရာ့လက်မောင်းကို နှုတ်ခမ်းများဖြင့် သတိလက်လွတ်စွာ ခပ်ဖွဖွထိကပ်နမ်းလိုက်မိ၏။ ဖျော့မှိန်လတ်ဆတ်သော ကိုယ်သင်းနံ့ကို  ရှိုက်မိသွားသောအခါ စိုင်း သိမ့်ခနဲ ယစ်မူးတွယ်တာသွားရလေတော့သည်။

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now