ဆရာ့စကားကို ဧည့်သည်က ဧည့်သည်လိုနေဟု စိုင်း နားလည်လိုက်သဖြင့် မကျေမနပ်ဖြစ်သွားကာ

“ အာ ... အဲတာတော့ ဆရာလွန်တာပေါ့ ”  ဟု
အော်ပြောလိုက်၏။ ထိုအခါ
ဆရာက စူးရှစွာ စိုက်ကြည့်လျက် ဟောက်ပါသည်။

“ မင်း စကားကို တိုးတိုးမပြောတတ်ဘူးလား ”

စိုင်း ဇက်ကလေးပုသွား၏။ ထို့နောက်ဆရာစိတ်ဆိုးသွားမှာကို မလိုလားသောစိတ်ကြောင့်လား၊ ဒါမှမဟုတ် ပြဿနာကို မကြီးထွားစေလိုသောကြောင့်လား ဝေခွဲ၍ မရသေးခင်မှာပဲ စိုင်း
လက်ဖဝါးနှစ်ဖက်မြှောက်လိုက်ပြီး  “ အိုကေ အိုကေ ကျနော် ဆရာပြောတာ လက်ခံတယ် လက်ခံတယ် ” ဟု  စိတ်မပါ တပါနဲ့ လိုက်လျောလိုက်တော့လေသည်။ ဒီတော့မှ ဆရာ့ မျက်နှာက အနည်းငယ် ကျေနပ်သွားသယောင်ဖြစ်သွားသည်။

“ ဒါနဲ့ ကျနော် မေးစရာရှိလို့ ဆရာ ”

“ ဘာလဲမေး ”

“ ကျနော့် အဝတ်အစားတွေနဲ့ ပစ္စည်းတွေကိုဘယ်မှာထားရမလဲ ။ ဗီဒို တစ်ခုလုံး ဆရာ့အဝတ်အစားတွေနဲ့ ပြည့်နေတော့ ကျွန်တော့်အဝတ်အစားတွေကို ခရီးဆောင် သေတ္တာထဲမှာပဲ ထားနေရတယ် ”

“ အဲတာ မင်းကိစ္စ။
ငါပြောပြီးပြီပဲ ဒီအခန်းက ငါ့အပိုင် မင်းပိုင်တာ မဟုတ်ဘူး ။ ငါ့ပစ္စည်းတွေကို မင်း မသုံးရဘူး ”

“ အဲတာတော့ သပ်သပ်မတရားတာပဲ၊ ကျွန်တော်လဲ ဒီအခန်းမှာနေတာပဲ ။ ပစ္စည်းတွေကို တစ်ယောက်တစ်ဝက် သုံးရမှာပေါ့ ”

ဆရာ မျက်မှောင်ကုပ်သွားသည်။

“ ဒီပစ္စည်းတွေက မင်းဝယ်ထားလို့လား ။ ငါ့ပိုက်ဆံနဲ့ ငါ ဝယ်ထားတဲ့ ပစ္စည်းတွေချည်းပဲ ”

“ မတရား ဗိုလ်ကျတဲ့လူပဲ ”

စိုင်း က မကျေနပ်နိုင်ဘဲ ပွစိပွစိ တီးတိုးပြောမိသည်။

“ မင်းဘာပြောလိုက်တာလဲ ”

စိုင်း ဆရာ့ဒေါသကို ကြောက်ရွံ့မိသဖြင့် လိမ်ပြောရသည်။

“ ဘာမှ မဟုတ်ပါဘူး ။
ဟို . . ဆရာအအေးပက်တော့မှာပဲလို့ ပြောတာ ”

“ အဲတာ မင်းနဲ့ မဆိုင်ပါဘူး ”

စိုင်း ဘာမှကို မပြောတော့ဘဲ
ပါးစပ်ပိတ်နေလိုက်ရ၏။ ထို့နောက် ဆရာသည် အတွင်းခံဘောင်းဘီတစ်ထည်နှင့် ဂျင်းဘောင်းဘီတစ်ထည်ကို ဗီဒိုထဲကထုတ်ယူ ကိုင်ထားရင်း စိုင်းကို စိုက်ကြည့်နေပြန်သဖြင့်

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now