“ ဟိုလေ ... ဆရာ ။ မြင်လိုက်သေးလား ”

“ ဘာကိုလဲ ”

“ ဟိုလေ ... ကျနော့်ဟာ ... ”

ဆရာသည် ပထမတော့ စိုင်းမင်းခန့်မေးတာကို ချက်ချင်း သဘောမပေါက်သေးဘဲ ခပ်တွေတွေဖြစ်နေပြီး နောက်မှ နားလည်သွားပုံဖြင့် ခပ်တည်တည် ပြောချလိုက်လေသည်။

“ အော် ... အဲတာလား ။ စိတ်ချပါ ။ မင်းဟာက
ခါကျက်ဥ လောက်တောင်မရှိတဲ့ အကြောင်းကို
ငါလျှောက်မပြောပါဘူး ”

စိုင်း တစ်ကိုယ်လုံး ရှိန်းဖိန်းပူထူ သွား၏။

“ ကဲ အခု အပြင်ထွက်တော့ ။ ငါ ရေချိုးတော့မယ် ”

စိုင်း ရေချိုးခန်းထဲကနေ ရှက်ရွံ့ထူအမ်းစွာ  ထွက်လာပြီးနောက် ကိုယ့်ဟာကိုယ်
စမ်းကြည့်ကြည့်မိသည်။

“ အဲလောက်လဲ မသေးဘဲနဲ့ ။ သူ့ဟာကရော
ဘယ်လောက်ကြီးနေလို့လဲ ”

ခဏကြာတော့ ဆရာ ရေချိုးခန်းထဲကနေ
ပြန်ထွက်လာသည်။ ရေချိုးပြီးကာစမို့ ခန္ဓာကိုယ်က စိုအိနေကာ ခါးအောက်ပိုင်းကို တဘက်ပတ်ထား၏။
ဆရာက ရေစိုနေသော အနက်ရောင် ဆံပင်တွေကိုတဘက်နှင့် ပွတ်သပ်နေရင်း

“ မင်း အသံလေး ဘာလေး မပေးတတ်ဘူးလား
ဝင်လာမယ်ဆိုရင်လည်း တံခါးလေး
ဘာလေးခေါက်ပေါ့ကွ ” ဟု စပြီး အပြစ်တင်ပါတော့သည်။

“ ကျနော် ခေါက်ချိန်မရလို့ပါ။
သေးအရမ်းပေါက်ချင်နေလို့လေ။
ကြားဘူးတယ်မလား
အချစ်နဲ့ သေး က အောင့်ထားလို့မရဘူးတဲ့ ”

“ မကြားဖူးဘူး ပေါက်တတ်ကရတွေ ”

“ ဒါနဲ့ ဆရာကလဲ ဘာလို့ ရေချိုးခန်း တံခါးကို
ပိတ်မထားတာလဲ ”

“ ငါ ပိတ်ထားတာပဲ ဘယ်လိုဖြစ်လို့ ပွင့်သွားတာလဲမသိဘူး။ တံခါးပျက်နေပြီ ထင်တယ် ”

ထို့နောက် ဆရာသည် သနပ်ခါးရောင်ခပ်ဖျော့ဖျော့ ရှပ်အင်္ကျီလက်ရှည်တစ်ထည် လက်လျှိုဝတ်လိုက်ပြီး အင်္ကျီကြယ်သီးများ တစ်လုံးချင်းလိုက်တပ်နေရင်းက ရုတ်တရက်ထပြောပါသည်။

“  ဒါနဲ့ . . ငါမင်းသိအောင် တခုပြောထားရမယ်။ဒီ အခန်းက ငါ့အခန်း။  ငါက ဒီ အခန်းပိုင်ရှင်။
မင်းက ဒီ အတိုင်းလာနေတဲ့သူသက်သက်ပဲ။ငါပြောတာ လက်ခံလား ”

Dear Doctor Handsome [ Unicode + ZawGyi ]Where stories live. Discover now