ချင်ကျန့်ဆိုသည်မှာ မျက်နှာလေးတခုပေါ်သာမှီခိုနေရသော ဘာမှမသိနားမလည်သည့်လူသစ်တယောက် မဟုတ်ရသလို သရုပ်ဆောင်စွမ်းရည်ဘာမျှမရှိသည့်အိုင်ဒေါလ်သာသာလူတယောက်က်လည်းမဟုတ်ပေ။

သူဟာဒီနှစ်ထဲမှာအသက်၃၃နှစ်ရှိပြီဖြစ်ပြီး ထူးချွန်ပြောင်မြောက်သည့်သရုပ်ဆောင်စွမ်းရည်ရှိရုံသာမက ကမ္ဘာပေါ်တွင် ဆွဲဆောင်မှုအရှိဆုံးအမျိုးသားအယောက်၁၀၀စာရင်းထဲတွင်လည်း နှစ်တိုင်းလိုလိုရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။

သေချာပေါက်ကို အနုပညာလောကရဲ့အကျော်ကြားဆုံးထဲကတယောက်ဖြစ်ပေ၏။ထိုအတွက်ကြောင့်ဒီလောကထဲက များစွာသောသရုပ်‌ဆောင်ပေါက်စလေးတွေမှာ သူ့နှင့်ဆက်နွယ်မှုတစုံတရာရယူလိုကြသည်။

သို့ရာတွင် ချင်ကျန့်ကတော့အမြဲလိုလူမသိသူမသိ,သိုသိုသိပ်သိပ်လေးသာနေတက်ပြီး သူ့လုပ်ငန်းအချိန်ဇယားနှင့်ပတ်သက်၍ ဘယ်သူကမှဘာမျှမသိကြပေ။

ထိုတင်မကသေး သူဟာတစုံတရာနှင့်ချည်နှောင်ခြင်းခံရတာမျိုး အလွန်အမင်းထင်ထင်ပေါ်ပေါ်နေရခြင်းမျိုးကိုရှောင်ရှားပြီး တစုံတယောက်နှင့်နီးနီးကပ်ကပ်နေတယ်ဆိုလို့ ဘယ်တုန်းကမှမရှိသလောက်နီးပါးပင်။

ထို့အတွက်ကြောင့် ယခုလိုရင်းနှီးသောပုံများမှာ သူ့အတွက်တော့တကယ့်ကိုရှားရှားပါးပါးဖြစ်တောင့်ဖြစ်ခဲပင်။

[အားးးး ကျန်းကငါ့ကိုမူးမေ့လဲသွားစေတာမှ ငါ့ခြေထောက်တွေသူ့အတွက်မကားပေးပဲမနေနိုင်အောင်ဖြစ်လာမိတဲ့အထိပဲ!  ခုတော့ ယွီချင့်ဟွမ်ကတကယ့် koi ဆိုတာ ငါယုံသွားပြီ!]

[ငါ့ရဲ့ကျန့်လေး! ရှင့်နဲ့လက်ထပ်ချင်တယ်!!]

[အား ငါ့ရဲ့အမျိုးသားနှစ်ယောက်က ဓါတ်ပုံတပုံတည်းမှာတူတူပေါ်လာတယ်! ငါဒီညဘယ်တယောက်ကိုအိမ်ခေါ်သွားရပါ့မလဲ? အွန်လိုင်းပေါ်ကစောင့်နေပါတယ်! အရေးပေါ် !]

[ထစမ်း! စိတ်ကူးတွေယဉ်မနေစမ်းနဲ့!]

[ချင့်ဟွမ်တော်တော်လေးဝိတ်ကျသွားတာပဲ! အာလာ! Orange ရိုက်ဖို့ သူတော်တော်လေးအားစိုက်ထုတ်ထားရတာပါလား.. တကယ်လေးစားမိပါတယ်!]

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now