တစ်ခါတလေမှာတော့ အားကျလေးစားခြင်းတွေနဲ့ အာမေဍိတ်ထွက်မိပြီး သူ့နဲ့ စကားပြောပေးမယ့် တစ်စုံတစ်ယောက်ကလဲ ရှိနေခဲ့​၏။

ကျောက်တောင်တက်တာက တကယ် စွမ်းဆောင်ရည်တစ်ခုပဲ— သေးငယ်တဲ့လူတစ်ယောက် ကျောက်နံရံကြီးပေါ်မှာ ရှိနေခြင်းက သစ်ပင်တစ်ပင်မှာ လှုပ်နေတဲ့ ပိုးပျံကောင်လေးလိုပင်။ Tommy Caldwell နဲ့ Kevin Jeson တို့ ကျောက်ထရံပေါ်တက်ရင်း သူတို့တွေ များစွာတဲ့ အခက်အခဲတွေကို ကျော်လွှားနေသည့်တိုင် သူတို့တွေကတော့ ပျင်းပျင်းရိရိနဲ့ အိပ်ရာထက်မှာ ရှိနေခဲ့ကြ​၏။

ဒါက သူတို့ကို ယုံကြည့်မှုတွေနဲ့အတူ အပြည့်အဝအားသွင်းခံလိုက်ရသလိုပင်။

ဒီတောင်တက်သမားတွေက အရမ်းအံ့သြစရာကောင်းတယ်လို့ သူဘာကြောင့်ထင်ရတာလဲ? လူသားမျိုးနွယ်သည် မည်မျှပင် မပြောပလောက်နေစေကာမူ ဒီအစွန်းရောက်စွန့်စားသူများရဲ့ အသိုင်းအဝိုင်းလိုမျိူးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

ဒါ့ကြောင့် ဒီနာမည်ကြီးပုဂ္ဂိုလ်များ၏ အောင်မြင်မှုများသည် အသိုင်းအဝန်းတစ်ခုလုံးကို ကျိန်းသေပေါက် အားကျစေမည်ဖြစ်သည်။

အခုလိုပဲ စောင်အောက်ကသူသည်လည်း ချင်ဝေ့ဟော် the Dawn Wallပေါ်ကို အမြန်ပြေးတက်မဲ့ နေ့ကို သိချင်နေမိသည်။ငါတို့ရဲ့ အခြေအနေကရော ဘယ်လိုဖြစ်နေမှာလဲ? ငါကရော သူ့ရဲ့ ပါတနာ ဖြစ်နေမှာလား?

ရုတ်တရက် ထိုးကျသွားတဲ့အပူချိန်နကြောင့် ချင်ဝေ့ဟော် အိပ်ဆောင်အခန်းထဲမှာ လက်တိုလေးနဲ့ ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ လျှောက်ပတ် သွားမနေတော့ပေ။ သူ အိပ်ရာကထတဲ့အခါ တီရှပ်လက်တိုလေးတွေ ဝတ်ထားဆဲဖြစ်ပေမယ့် သူ့ဘောင်းဘီတွေကတော့ မီးခိုးဖျော့ရောင် ဝါဂွမ်းသား Pajama ဘောင်းဘီတွေက အစားထိုးလာခဲ့လေသည်။

လသာဆောင်မှာ မျက်နှာသစ်ဖို့ သွားတဲ့အခါ ခြေသလုံးထိရောက်တဲ့ အနက်ရောင် သားမွေးဂျာကင်ကို ဝတ်လေ့ရှိသည်။သူက တနေကုန်နီးပါး အဲ့ဒီလို ဝတ်ထားတတ်​၏။ အောက်ထပ်ကို အမှိုက်ပစ်သွားတဲ့ အခါမှာလဲ အလားတူပင်။ ဘာပဲဖြစ်ဖြစ် သူတို့တွေက မကြာခဏဆိုသလို အပြင်ထွက်ဖို့မလိုပါချေ။ နေ့စဉ်နေ့တိုင်း ညစာစားဖို့ ကန်တင်းကို သွားကြပေမယ့် မနက်စာနဲ့ နေ့လည်စာကိုတော့ အိပ်ဆောင်အခန်းထဲမှာပဲ စားဖြစ်လေ့ရှိသည်။ ဒါက သူတို့တွေ မကြာခဏ၁၀:၀၀ကျော်မှ ထကြတာဖြစ်လို့ မနက်စာအတွက် ယာဂုနဲ့နေ့လယ်စာအတွက် အသင့်စားခေါက်ဆွဲတို့ စားကြသည်။အထူးတလည်ကို အေးစက်နေတဲ့ နှစ်ရက်မှာတော့ သူတို့တွေ လသာဆောင်ကို အဝင်၊အထွက်လုပ်မှသာ တံခါးပေါက်ကိုပိတ်ဖို့ သတိရကြ​၏။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now