" ဘာလို့ ဒီလောက်ထိလန့်သွားရတာလဲ အချစ်ရယ် ကိုသူတို့ကို သွားတောင်းပန်ပီး ပိုက်ဆံနဲ့ပြန်ရွေးလာတာ "

" ဟင် တကယ်လား "

" တကယ်ပေါ့ "

" သူတို့က လက်ခံလို့လား "

" လက်မခံပဲနေမလား ကိုကပိုက်ဆံတွေအများကြီးပေးပီး ပြန်ရွေးခဲ့တာလေ "

" ဟူး တော်သေးတာပေါ့ ကျတော်က ခင်ဗျားသူတို့ကို တခုခုလုပ်လိုက်တယ်ထင်နေတာ "

" ကို့အချစ်ကတော့ အတွေးတွေများနေပြန်ပါပီ ကို့လိုသာမန်လူတယောက်က သူတို့လို အုပ်စုလိုက်လူမိုက်လုပ်နေတဲ့သူတွေကို သွားထိရဲပါ့မလား "

ဟုတ်ပါတယ်လေ ကျတော်ကလဲအတွေးတွေလွန်မိပြန်ပါပီ ဘာမဟုတ်တဲ့ ဓာတ်ပုံလေးတပုံကြောင့်နဲ့ ကိုယ့်လူကို သံသယတွေက၀င်မိသေးတယ် ကျတော်က တကယ်တုံးတာပဲ...

" ဟန်နရီဗစ်တာ ဆိုတဲ့နာမည်က ခင်ဗျားတယောက်ပဲရှိတာလားဟင် "

ကားမောင်းနေရင်း ဘေးကနေ မေးခွန်းတွေဆက်တိုက်မေးနေတဲ့ ကလေးငယ်ကြောင့် ဟန်နရီခပ်ရေးရေးလေးပြုံးကာ လွန်းရဲ့ခေါင်းလေးကို ခပ်ဖွဖွလေးပွတ်လိုက်သည်

" ဟန်နရီဗစ်တာဆိုတဲ့နာမည်က တလောကလုံးမှာ ကိုတယောက်ပဲရှိတယ် ဘာလို့လဲဆိုတော့ ကိုတို့မျိုးရိုးက ဗစ်တာလေ အဘိုးက ဟီရိုဗစ်တာ ဒယ်ဒီက ဒေးဗစ်ဗစ်တာ ကိုက ဟန်နရီဗစ်တာ "

" အော် "

" အချစ်က ထူးထူးဆန်းဆန်း ဒီနေ့ဘာလို့ကို့နာမည်ကိုစိတ်၀င်စားနေရတာလဲ "

" ဒီတိုင်းပဲ ခင်ဗျားနာမည်လေးကထူးဆန်းလို့ပါ "

" ထူးဆန်းနေရင် ကိုကိုလို့ပဲခေါ်လေ ဘာခက်တာမှတ်လို့ "

ခပ်တည်တည်ပဲပြောလိုက်တဲ့ ဟန်နရီကြောင့် လွန်းတယောက်ပါးချိုင့်လေးတွေပေါ်အောင် ပြုံးလိုက်ကာ ဟန်နရီပါးလေးကို လှမ်းနမ်းလိုက်သည်

" ခင်ဗျားက တကယ်ဥာဏ်များလွန်းတယ် "

" ဥာဏ်များတဲ့ကိုက ချာတိတ်လို ငတုံးလေးနဲ့မှလိုက်ဖက်တာလေ "

ပျံ့လွင့်လာတဲ့သီချင်းသံစဥ်လေးတွေကြား ကိုယ်စီအပြုံးဖလှယ်ကာ ခရီးဆက်လာလိုက်သည် ဒီလိုအချိန်လေးတွေပဲအမြဲဖြစ်နေရင် အိမ်ပြန်ခရီးတွေက နေ့တိုင်းလှပနေတော့မှာပါပဲ...

HANARY(S1+S2) Where stories live. Discover now