မိုင်- ဟာ ဒီညမိုးမျက်နှာကိုမတွေ့ရဘူးလေကွာ ပေးတော့နမ်းပါအုံးလား

မိုး- ပေးနမ်းပြီးပြီလေ တော်တော့ပေါ့

မိုင်- ပါးပဲနမ်းရသေးတာကို

မိုး- ခေါင်းမာမနေနဲ့တော့ အမြန်သွား

သွားချင်တော့လည်း သူပဲ။ သွားဖို့ကိုအာပေါက်အောင်လဲပြောရသေး။ ဆယ်ခွန်းလောက်ချော့ပြောလိုက်တော့မှ လက်ကိုမလွှတ်ပေးချင်လွှတ်ပေးချင်နဲ့ လွှတ်ပေးပြီးထွက်သွားတယ်။ မိုင်ထွက်သွားတော့ ရေချိုးဖို့ပြင်နေတဲ့အ‌တွေးကိုအကောင်အထည်ဖော်လိုက်တယ်။ ရေချိုးပြီးသွားတော့ အောက်ထပ်ဆင်းလာလိုက်တော့ မီးဖိုချောင်ထဲမှာ မလတ်နဲ့မကြီးက ဟင်းချက်ဖို့ပြင်ဆင်နေကြတယ်နဲ့တူပါရဲ့။

မိုး- မလတ်တို့ဟင်းချက်ဖို့လုပ်နေကြတာလား

မလတ်- အယ် ညီမလေး ဟုတ်တယ် ဘာလို့ဆင်းလာတာလဲ ဒီနေ့တော့မလတ်တို့ပဲချက်လိုက်ပါ့မယ် ဟိုနေ့ကမှနေမကောင်းဖြစ်ထားတာကို

မိုး- မဟုတ်တာ ညီမကောင်းနေပါပြီ ကူပေးမယ်လေ

မကြီး- အေးဆေးနေပါ မိုးရယ် တော်ကြာအငယ်မပြန်လာရင် သူ့ဟာလေးကိုခိုင်းတယ်ဆိုပြီးပြောနေပါအုံးမယ်

မိုး- ဟာ မကြီးကလဲ နောက်နေပြန်ပါပြီ

"ဘာတွေဖြစ်နေကြတာလဲ"

နောက်ကျောကထွက်လာတဲ့အသံခပ်မာမာကြောင့် ကျွန်မတို့အကုန်လုံးတိတ်ဆိတ်သွားမိတယ်။

မလတ်- ဟို ဘာမှမဖြစ်ပါဘူး အမေ ညီမလေးမိုးက သမီးတို့ဟင်းချက်တာကိုဝိုင်းကူပေးမယ်ဆိုလို့ အဲ့ဒါ...

"ဝိုင်းကူပေးရုံနဲ့ လုံလောက်မယ်ထင်နေတာလား"

မိုး- ရှင်?

"ဒီနေ့ မနက်စာ ညစာ မင်းပဲချက်လိုက်"

မကြီး- အမေရယ် အဲ့လို.....

"ညည်းတို့ ဒီနေ့ဆိုင်သွားထိုင်ကြ"

မလတ်- ရှင်? အမေကမသွားဘူးလား

"မသွားတော့ဘူး ဒီနေ့အိမ်မှာပဲနေပြီးနားမလို့ ညည်းတို့ပဲသွားလိုက်ကြတော့"

ဤမျှသာWhere stories live. Discover now