1.8(End)

817 78 11
                                    

Unicode

Flashback

ဟွမ်ဝူး ကောင်လေးရဲ့ အကြောင်းကို မဟုတ်မဟတ်စပြောနေကတည်းက ဒေါသ တို့က ထိန်းချုပ်မရအောင်ထွက်နေပီဖြစ်သည်
ဒါပေမယ့် ကောင်လေးရဲ့ရှေ့မှာ သူ့ရဲ့ကြမ်းတမ်းတဲ့ပုံစံကိုမပြချင်တာကြောင့် မြိုသိပ်နေရသည်
နောက်ဆုံးလွန်လာတဲ့အတွက်သာ ထိုးမိခြင်း
သူ့ရဲ့ဒေါသတွေပြေတဲ့ထိ ထိုးပီးချိန် ဘေးကိုကြည့်မိတော့ ကောင်လေးက ရှိမနေ
ဟွမ်ဝူး ချက်ချင်းကို အရှိန်အဝါတွေ ပေါ်ထွက်လာပီးတော့ အားလုံးကို သတ်ချင်စိတ်တွေဖြစ်ပေါ်လာရသည်
အဲ့အချိန် ဂျီဟွန်းဘက်က သူငယ်ချင်းတစ်ယောက် ကနေ ဟွမ်ဝူးဆီ ပြေးလာပီး

.......ဟွမ်ဝူး မြန်မြန် ငါတို့အခု ခေါင်မိုးထပ်ကိုသွားရမယ် ဆရာမ ဂျောင်းက ဂျီဟွန်းကို ခေါ်သွားတယ် ဆရာမဂျောင်းကိုကူညီနေတဲ့သူတွေရှိလို့ ငါတို့အတူသွားကြတာပေါ့........

ဂျီဟွန်း အဖမ်းခံရတယ်ကြားတာနဲ့ ပြေးထွက်သွားလိုက်တဲ့ဟွမ်ဝူး လာပြောပေးတဲ့သူတောင်စကားမဆုံးသေးခင်မှာပဲ
ခေါင်မိုးထပ်ကိုရောက်သွားတော့တယ်

ဟွမ်ဝူး ခေါင်မိုးထပ်ရောက်တာနဲ့ မြင်လိုက်ရတာက ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ ဂျောင်းနိုရာနဲ့ဂျီဟွန်း
သူစိတ်ပူပီး အပြေးအလွားသွားလိုက်ချိန်
အောက်ကိုကျသွားတော့မယ့် ဂျီဟွန်း

ဟွမ်ဝူးရဲ့စိတ်တို့အရမ်းကိုပူထူသွားရပီး
ကောင်လေးကိုဖမ်းဆွဲလိုက်တယ်
နောက်တစ်ခေါက် ဖြစ်လို့မရဘူး ကောင်လေး
မင်းသာ ကိုယ့်အနားက ထွက်သွားမယ်ဆို
ကိုယ်ဘယ်သူ့ကိုမှ သက်ညှာမပေးဘူး

ကောင်လေးကိုဆွဲတင်လိုက်ကာ သူ့ရဲ့ရင်ခွင်ထဲ ထည့်ထားလိုက်ရင်း
မျက်လုံးတို့အနီရောင်ပြောင်းသွားပါတဲ့
ဟွမ်ဝူး
ရင်ခွင်ထဲက ကောင်လေးကတော့ မမြင်နိုင်
ဘေးက လူတွေကတော့
စိတ်လွတ်မတက်ဖြစ်နေတဲ့ ဂျောင်းနိုရာကို
ချုပ်ထားရင်းနဲ့ပင် အေးစက်နေတဲ့ အရှိန်အဝါတွေကြောင့် အသက်တောင်ကောင်းကောင်းမရှူနိုင်ကြတော့

Flashback end

ဂျီဟွန်းကို တင်းကျပ်စွာဖက်ထားရင်း စိတ်အစုံတို့ ပြေလျှော့သွားတဲ့အခါမှာတော့
ဂျီဟွန်းရဲ့တစ်ကိုယ်လုံးကို သေချာစွာ စစ်ဆေးနေလေရဲ့
ဟွမ်ဝူးရဲ့ ဂျီဟွန်းအပေါ် အကဲပိုနေမှုကို
ဂျောင်းနိုရာတစ်ယောက် မီးပွင့်မတက်
မျက်လုံးတွေကြည့်နေရင်း

You've reached the end of published parts.

⏰ Last updated: Feb 28, 2022 ⏰

Add this story to your Library to get notified about new parts!

 ဗီလိန်ကြီးကို မြူဆွယ်မယ်Where stories live. Discover now