30

9.3K 983 14
                                    

Unicode.

စော်အော့်ရဲ့ ရက်တစ်ရာပြည့်အထိမ်းအမှတ်ပါတီပွဲကို
ခမ်းခမ်းနားနားကျင်းပခဲ့ပြီး ပွဲရဲ့ထက်ဝက်ခန့်ကို အနုပညာ
နယ်ပယ်က ကြယ်ပွင့်တွေပဲ နေရာယူထားကြတာပါ။

ခန်းမအပြင်အဆင်နဲ့ ဖိတ်စာတွေ၊လက်ဆောင်တွေအထိ
ရှောင်းကျန့်နဲ့ဝမ်ရိပေါ်တို့ကိုယ်တိုင် ပြင်ဆင်ထားခဲ့ကြတာ
ပါ။ နှစ်ယောက်လုံးက အိမ်မှာနေပြီး အလုပ်မရှိဖြစ်နေကြ
တယ်လေ။ ရက်တစ်ရာပြည့် ပါတီပွဲအတွက် ပြင်ဆင်တာက
သူတို့အတွက် အကြီးမားဆုံးအရာ ဖြစ်နေခဲ့တယ်။ ဝမ်ရိပေါ်
ရဲ့မိခင်က ဝမ်ရိပေါ်တို့မိသားစုသုံးယောက် ပါတီပွဲမှာ ဝတ်ဖို့
အတွက် ဝတ်စုံတွေကို သူမရဲ့ ဒီဇိုင်နာဆီမှာ အထူးတောင်း
ဆိုအပ်နှံထားခဲ့တယ်။ ရှောင်းကျန့်နဲ့ဝမ်ရိပေါ်က တူညီတဲ့
ဝတ်စုံအမျိုးအစားကို ဝတ်ဆင်ခဲ့ကြပြီး စော်အော်လေးက
အဲ့လိုရှုပ်ထွေးတဲ့ဝတ်စုံတွေဝ​တ်ဖို့အတွက် ငယ်သေးတာမို့
စော်အော့်အတွက် ယုန်ဖြူလေးတစ်ကောင်လိုဖြစ်သွားစေ
မယ့်ပုံစံမျိုးကို ဒီဇိုင်းဆွဲခဲ့ပြီး အဲ့ဒီယုန်ဖြူလေးဝတ်စုံကိုမှ
သူ့အဖေနှစ်ယောက်နဲ့တူသွားအောင် ပြင်ပေးလိုက်တယ်။

ဝမ်ရိပေါ်က ယုန်ပုံလက်စွပ်လေးဝတ်ထားတော့ ရှောင်း
ကျန့်က ကော်လာချိတ်မှာ တစ်ခုခုထည့်ဖို့ အကြံရသွားခဲ့
ပြီး ကော်လာချိတ်မှာ ခြင်္သေ့နဲ့ယုန်လေး အချင်းချင်း ဖက်
တွယ်ထားပုံလေးကို ချိတ်ဆွဲလိုက်ပါတော့တယ်။ ဖိတ်စာ
ကို လက်ခံရရှိခဲ့တဲ့ အနုပညာရှင်တွေက ဝေ့ပေါ်မှာ အမှတ်
တရ ပိုစ့်တွေ တင်ခဲ့ကြပါတယ်။ ဝေ့ပေါ်မသုံးတာ နှစ်ချီနေ
ပြီဖြစ်တဲ့ ဝမ်ဟန့်တောင်မှ ဝမ်ရိပေါ် နဲ့ ရှောင်းကျန့်တို့နဲ့
တွဲရိုက်ထားတဲ့ ပုံတစ်ပုံကို တင်ခဲ့တယ်။

@汪涵 : အဖေတစ်ယောက်ဖြစ်သွားပြီဆိုတော့ ပိုပြီး
ရင့်ကျက်တည်ငြိမ်ရမယ်နော်! @UNIQ-王一博

လက်ဆောင်သေတ္တာကို ရှောင်းကျန့် ဒီဇိုင်းထုတ်တဲ့
သော့ခလောက်ပုံစံအတိုင်း သူ့စိတ်ကြိုက်ပြင်ဆင်ထား
ပါတယ်။ သော့ခလောက်လေးထဲမှာ အချစ်မှဲ့လေးတစ်
ခုလည်း ပါသေးတယ်လေ။ သေတ္တာရဲ့ အဓိကအရောင်
က အလွန်နွေးထွေးတဲ့ အဝါရောင်ဖြစ်ပြီး လက်ဆောင်
တွေကတော့ ရှောင်းကျန့်ပြင်ဆင်ထားတာတွေပါ။

I'm Pregnant With Wang Yibo's Child《မြန်မာဘာသာပြန်》• Completed •Wo Geschichten leben. Entdecke jetzt