ထျန်းလီအန်းက ယွမ်ရှောင်ဆောင့်ပိတ်ခဲ့တဲ့ တံခါးဘက်ကို အကြည့်လွှဲလိုက်တယ် ။ ထျန်းလီအန်းပေးတဲ့အဖြေက ယွမ်ရှောင့်ကို မကျေနပ်စေသလို ဒေါသတောင် ထွက်စေခဲ့တယ် ။
" ဒါပေါ့ ..ငါတို့က မိသားစုတွေလေ "
ဒါက သူ အထပ်ထပ် အခါခါ စဉ်းစားပြီးမှ ထွက်လာတဲ့ အကောင်းဆုံးအဖြေတစ်ခုပဲ ။ ကိုယ်ရေးကိုယ်တာ ခံစားချက်တွေ အများကြီးရောထွေးပါဝင်သွားရင် ယွမ်ရှောင် စိတ်မကြည်မလင် ဖြစ်သွားလိမ့်မယ် ။
ယွမ်ရှောင့်ရှေ့မှာ သူ့ရဲ့ ဘောင်မဝင်တဲ့အချစ်တွေကို တတ်နိုင်သလောက် သိုဝှက်ထားရမှာပဲ ။
......
ဟုန်ကုဆိပ်ကမ်းရှိ ဆားနံ့ရောနှောပါဝင်တဲ့ ပင်လယ်လေတွေက ထျန်းလီအန်းမျက်နှာကို ဖြတ်သန်းတိုက်ခတ်သွားတယ် ။
နေထွက်ချိန်က နံနက် လေးနာရီ ။ အခုက နံနက် ငါးနာရီ ဝန်းကျင် ။
ထျန်းလီအန်းက ဒီနေရာမှာ ငြိမ်သက်စွာရပ်ပြီး တခြားလူတွေကို စောင့်နေခဲ့တာ ။
ပထမဆုံး ထွန်းတောက်လာတဲ့ နေရောင်ခြည်လေးက ထျန်းလီအန်းရဲ့ သွယ်လျလျ ခန္ဓာကိုယ်ပေါ် ကျရောက်လာတယ် ။ သူ ဝတ်ထားတဲ့နက်ပြာရောင်ကုတ်အင်္ကျီက တဝုန်းဝုန်းတိုက်ခတ်နေတဲ့ လေကြမ်းတွေကြောင့် တဖျပ်ဖျပ် လွင့်နေတယ် ။
သူ့အင်္ကျီအိတ်ကပ်ထဲက ဖုန်းက တုန်ခါလာတယ် ။ သူ ဖုန်းကိုထုတ်ပြီး ဖြေလိုက်တယ် ။
" Morning အစ်ကို ဟူ .. တစ်နာရီလောက် အချိန်ပိုလေး ရှိသေးလား ..ရှိသေးရင် ကျွန်ဝောာ် ရီကန်ဆိပ်ကမ်းကိုသွားပြီး ကုန်စည်စာရင်းလေးတွေ ရှင်းလိုက်ချင်လို့ .. အစ်ကို ကျွန်ဝောာ့်ကို ရှာချင်ရင် နောက်မှပဲ ရီကန်ဆိပ်ကမ်းကို လိုက်လာခဲ့တော့ "
ရီကန်ဆိပ်ကမ်းက လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကစပြီး အရေးကြီးတဲ့ သံသတ္ထုရိုင်းတွေကို စတင်,တင်သွင်းခဲ့ပြီး ဒီကုန်သွယ်ရေးမှာ အဓိက တာဝန်ယူထားတဲ့ ဆိပ်ကမ်းလည်းဖြစ်တယ် ။
ဒီတစ်ခေါက် ရီကန်ဆိပ်ကမ်းကို သွားရတဲ့အကြောင်းက A မြို့တော်အတွက် လျာထားတဲ့ ကုန်ပစ္စည်းတစ်သုတ်ရဲ့စာရင်း နဲ့ သူတို့ကို အစီရင်ခံခိုင်းထားတဲ့ ကုန်လမ်းသွားယာဉ်နဲ့ပို့မယ့် လူသုံးကုန်ပစ္စည်းစာရင်းကို ယူရန်ဖြစ်တယ် ။
YOU ARE READING