Chapter 19
ထျန်းလီအန်းက ယွမ်ရှောင့်ကို အလွန်တရာ ဂရုတစိုက် ကြည့်နေခဲ့တယ် ။ ဘာကြောင့်လဲဆိုတော့ ယွမ်ရှောင်ရဲ့ လှုပ်ရှားမှုတိုင်းကို သူ့နှလုံးသားထဲမှာ မှတ်ကျောက်တင်ထားချင်ခဲ့လို့ ။ မျက်တောင်တစ်ခတ် ၊ ခြေတစ်လှမ်း အရွေ့ ၊ နှုတ်ခမ်းတစ်ချက် အတွန့် ၊ အသက်ရှူသံ တစ်ချက် ၊ မျက်ခုံးတစ်ဖက် အပင့် စသည့် အသေးအဖွဲ လှုပ်ရှားမှုလေးတွေကအစ သူ့ နှလုံးသားထဲမှာ အလွယ်တကူ အမှတ်ရနေစေဖို့ ။ထျန်းလီအန်းဟာ ယုန်ငယ်လေးတစ်ကောင်လို ကြောက်ရွံ့တုန်လှုပ်နေတယ်လို့ ယွမ်ရှော င် ခံစားလိုက်ရတာကြောင့် သူ့သဘောထားက ပျော့ပျောင်းသွားတယ် ။ ထျန်းလီအန်းလည်း ခပ်ကြောင်ကြောင်အနေအထားနဲ့ ဘာလုပ်ရမှန်းမသိစွာ သူ့လက်နှစ်ဖက်ကို
ညအိပ်ဝတ်စုံရဲ့အိတ်ကပ်တွေထဲ ထိုးထည့်လိုက်တယ် ။ယွမ်ရှောင့်အကြည့်က ထျန်းလီအန်းရဲ့ လည်တိုင်ထက်ကို ရောက်သွားတယ် ။ ကြယ်သီးအပြည့်တပ်မထားတာကြောင့် ထျန်းလီအန်းရဲ့ သန့်စင်ကြည်လင်ပြီး ဖွေးဥနေတဲ့ လည်ပင်းညှပ်ရိုးလေးတွေက အထင်းသားပေါ်လို့ ။
အဲ့ဒီညှပ်ရိုးလေးတွေက အရမ်းလှတာပဲ !
ထျန်းလီအန်းက သူ့ကို အချိန်ပြည့်ဆွဲဆောင်နိုင်တယ်ဆိုတာ မညာတမ်းဝန်ခံရမှာပဲ ။
" အားလုံး အဆင်သင့်ဖြစ်ပြီလား "
ထျန်းလီအန်း ခေါင်းညိတ်လိုက်တယ် ။
" စားလို့ရပြီ "
ယွမ်ရှောင်က စားပွဲရဲ့ ဒုတိယမြောက်အံဆွဲကိုဖွင့်လိုက်တယ် ။ အံဆွဲထဲမှာ အရည်အပြည်နဲ့ ပုလင်းလေးတစ်လုံး ရှိနေတယ် ။
ဒီလုပ်ဆောင်ချက်တစ်ခုတည်းနဲ့တင် ယွမ်ရှောင့်ဆိုလိုရင်းကို ထျန်းလီအန်း ရှင်းရှင်းလင်းလင်း နားလည်လိုက်တယ် ။
သူ အဲ့ဒီပုလင်းကိုယူပြီး ရေချိုးခန်းထဲဝင်ကာ သူ့ကိုယ်ကို အသင့်ပြင်ဆင်ပြီး ပြန်ထွက်လာခဲ့တယ် ။ ထို့နောက် တက်ကြွစွာပဲ စားပွဲပေါ်က စာရွက်စာတမ်းနဲ့ဖိုင်တွဲတွေကို ဘေးတစ်ဖက်မှာ ကပ်လိုက်ပြီး စားပွဲထက် လက်ထောက်ကာ ယွမ်ရှောင့်ဘက် ကျောပေးလိုက်တယ် ။
YOU ARE READING