( 25 )

358 56 5
                                    


*ခွမ်းးး

နောက်ဖေးမှတခုခုကျကွဲသံကြောင့် Jaeminအမြန်ပြေးသွားမိပြီး နှုတ်မှလည်းအမည်နာမတစ်ခုကိုရေရွတ်မိသည်။

“ Jun !! ”

“ ဟဲ့ ဟဲ့ ငါ့သားလေး ”

အပေါ်ထပ်ကနေဆင်းလာတဲ့မာမီ့မှာလည်းအပြေးတပိုင်း ။

“ ဘာဖြစ်တာလဲJun!  ဘယ်နားထိသွားသေး... ”

“ မာမီ့ကိုပြပါဦး  လက်တွေဘာတွေများထိသွားသေးလား ”

“ ကျွန်တော်ဘာမှမဖြစ်ပါဘူး မာမီ ”

“ ဂရုစိုက်မှပေါ့သားရယ်.... nana! ”

“ ဗျာ ! ”

“ အိမ်မှာနားတဲ့ရက်ကိုဖက်ထုပ်လေးအနားမှာနေပါဆိုမှ ”

ဖက်ထုပ်လေး ။
ဒါကမာမီJunကိုခေါ်တဲ့နာမ်စားလေး ။
တခါတလေသားအရင်းကဘယ်သူလဲတောင် မာမီ့ကိုပြန်မေးယူရတဲ့အထိ မာမီကJunကိုသိပ်ချစ် သိပ်ဂရုစိုက်ခဲ့တာ ။

အခုလဲParisကိုမာမီလာလည်တဲ့အချိန်တိုင်း ဖြစ်နေကျဖြစ်စဉ်လိုမျိုးပေါ့ ။

ဂေဟာမှာစတွေ့ထဲကJunကိုတအားချစ်ခဲ့တဲ့မာမီက Junရဲ့ဘ၀သစ်စဖို့ကျွန်တော်အကောင်အထည်ဖော်ခဲ့တဲ့ကိစ္စမှာ အစအဆုံးကိုကူညီပေးခဲ့တာ ။

လွန်ခဲ့တဲ့လေးနှစ် ။

ကုမ္ပဏီဆက်ခံဖို့ကိစ္စနဲ့Junကိုဂရုမစိုက်နိုင်ကြတဲ့အချိန်မှာသတ်ိရလာတဲ့Jun ။

“ Jaemin .."

အသံလေးကတိုးတိုးလေးမို့သူနားကြားမှားတာလို့ပဲအစကထင်နေတာ..။

“ အသံတွေပါကြားယောင်တဲ့အထိကိုယ်လွမ်းနေပြီထင်တယ်.. မြန်မြန်သတိပြန်ရလာပြီး ကိုယ့်ကိုပြုံးပြပါဦးအချစ်ရယ် ... "

“ Jaemin .."

“ ဟင် ? Jun ”

ဒီတစ်ခါတော့အသံပါကြားတာမဟုတ် သူဆုပ်ကိုင်ထားမိတဲ့လက်ကလေးကပါ လှုပ်ခတ်သွားတာမို့
မျက်နှာလေးကိုသေချာကြည့်မိသည်

ဖြန့်ကျဲထားတဲ့မျက်တောင်လေးတွေတဖြည်းဖြည်းလှုပ်ခတ်လာကာ မျက်လုံးကိုအနည်းငယ်ဖွင့်ကြည့်ပြီး အလင်းရောင်ကြောင့်ထင် ပြန်ပြီးဖိကပ်သွားသည်။

𝙼𝙸𝙽𝙴 (𝚂𝚎𝚊𝚜𝚘𝚗 1 )  ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 )Where stories live. Discover now