( 18 )

357 53 1
                                    


Ring Ring ~

ဧည့်ခန်းထဲဖြတ်လျှောက်တုန်းဖုန်းမြည်လာတာမို့သူကောက်ကိုင်လိုက်သည်

“ ဟုတ်ကဲ့ "

“ အဲ့ဘက်ကလေ Mr.LeeYongအိမ်ကလားဗျ ”

“ ဟုတ်ပါတယ် ဘာကိစ္စများ...”

“ အခုကား accidentဖြစ်လို့ ”

“ ဗျာ!!!”

“ ဒီမှာလိပ်စာကဒ်တွေ့တာနဲ့လေ ..”

“အခု အခုဘယ်ဆေးရုံမှာလဲမသိဘူး ကျွန်တော်တို့ အမြန်ဆုံးလာခဲ့ပါ့မယ် ”

ဖုန်းကိုင်ထားတဲ့လက်တွေဟာလက်ရှိသူ့စိတ်လိုပဲတည်ငြိမ်မနေခဲ့ဘူး ။

“ ဒေါ်ကြီးYan! ဒေါ်ကြီး..”

“ ဘာဖြစ်လို့လဲသားRenလေး အလန့်တကြားနဲ့ကွယ် ”

“ ဒယ်ဒီ! ဒယ်ဒီလေ ကားaccidentဖြစ်..ဖြစ်လို့တဲ့ ”

“ ဟယ်! အခုဘယ်ဆေးရုံမှာလဲသား နေဦး ဒေါ်ကြီးသူဌေးကတော်ကိုသွားခေါ်လိုက်မယ်နော် ”

“ ဟုတ် ”

Jeno! Jenoကိုကောခေါ်သွားရမလား မဖြစ်ဘူး! မဟုတ်ရင်တောင်စိတ်အခြေအနေကပုံမှန်မဖြစ်သေးတာကို!

အခန်းထဲ၀င်တော့Jenoကသူ့ကိုစာအုပ်တအုပ်နဲ့ထိုင်စောင့်နေသည်
စာဖတ်ပြတဲ့အချိန်ကိုးး

“ ကျွန်တော့်ရဲ့RenJunieတခုခုဖြစ်လို့လားဟင် အလျင်စလိုနဲ့ ”

“ ဒယ်ဒီ!.. ဘာမှမဟုတ်ဘူး ဘာမှမဟုတ်ဘူးJeno ကျွန်တော့်ကိုအိမ်မှာစောင့်နေနော် ”

Jenoဘာမှပြန်မပြောခင်သူထွက်လာခဲ့လိုက်တော့သည်။
မဟုတ်ရင်အတင်းလိုက်မယ်လုပ်နေဦးမှာ

“ သားnonoကော ”

ကားပေါ်တက်ခါနီးမေးလာတဲ့သူမ။

“ ‌မဟုတ်ရင်တောင်စိတ်အခြေအနေပုံမှန်မဖြစ်သေးတဲ့သူကို ဆေးရုံအထိခေါ်ပြီးဒယ်ဒီ့ပုံစံကိုပြမလို့လား ”

“ အို..သားnonoကအစ်ကို့သားပဲဟာ ဘာပဲဖြစ်ဖြစ်ခေါ်သွားရမယ်၊ ဒေါ်Yan nonoကိုသွား‌ခေါ် ”

“ ဟုတ်ကဲ့ သူဌေးကတော် "

လူကပူထူနေတာမို့ဘာမှပြန်မပြောတော့ပဲ ဒယ်ဒီဘာမှမထိခိုက်ပါစေနဲ့ဟုသာဆုတောင်းနေမိသည်။
ကျွန်တော့်ရဲ့လူနည်းစုလေးကိုစောင့်ရှောက်ပေးပါဘုရားသခင်။

𝙼𝙸𝙽𝙴 (𝚂𝚎𝚊𝚜𝚘𝚗 1 )  ( 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 )Where stories live. Discover now