"မီးအိမ်ကို ပိုလင်းအောင်မြှင့်လိုက်"

ထို့ကြောင့် သူ ပြုံးပြလိုက်ပြီး ပြောလိုက်သည်။ "အဆင်ပြေပါတယ်၊ ငါမြင်ရတယ်"

"ပိုလင်းအောင် ညှိလိုက်ပါဆို" ချင်ဝေ့ဟော် က ခေါင်းမာစွာပြောလာ​၏။

အန်းနင် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားရသည်။ အိပ်ခန်းထဲက အလင်းရောင်က မှိန်ဖျော့နေပေမယ့် ချင်ဝေ့ဟော်ရဲ့ မျက်လုံးတွေက တောက်ပကာ နက်ရှိုင်းနေဆဲဖြစ်ပြီး အသံနိမ့်နိမ့်က သူ့အား တွန်းလှန်နိုင်စွမ်းမရှိအောင် ဖြစ်စေ​၏။ သူက သစ်နက်ကို ကြောက်နေတဲ့ ယုန်လေးတစ်ကောင် လိုပင်။ မီးအိမ်ကို အလင်းညှိရန် တိတ်ဆိတ်စွာနဲ့ လက်လှမ်းလိုက်သည်။

ချင်ဝေ့ဟော်က မီးအား မြင့်လာတာကို ကြည့်နေခဲ့ရာ ကောင်လေး၏ တွေဝေပြီး အံ့သြနေတဲ့ မျက်နှာလေးမှာ တောက်ပလာခဲ့​၏။

၎င်းက သူ့လက်ဖဝါးအောက်မှာ တုန်ယင်နေခဲ့တဲ့ကြောင်ကလေးနဲ့ တူနေသည်။

သူ့မျက်လုံးတွေကို မှိတ်လိုက်ရင်း အထက်တန်းကျောင်းတုန်းက အချိန်ကို ပြန်တွေးမိသည်။ သူ့ရှေ့မှာထိုင်တဲ့ ယောက်ျားလေးက အရှေ့တန်းက မိန်းကလေးကို အမြဲအနိုင်ကျင့်တတ်သည်။ တခါတရံ သူက သူမဆံပင်ကို ဆွဲတတ်ပြီး ထိုင်ခုံကိုလဲ ကန်တတ်​၏။ ထိုအချင်းအရာကို မြင်တုန်းက သူ့ကို စိတ်မကောင်းဖြစ်စေပြီး အဲ့လူ ဦးနှောက်မကောင်းဘူးလားဆိုတာကိုပင် သိချင်ခဲ့သည်။ အခုတော့ ထိုယောက်ျားလေးတွေ ဒီတိုင်းမိုက်မဲကြတာကို သူနားလည်ခဲ့ပြီ ; တစ်စုံတစ်ယောက်ကိုသူတို့ ကြိုက်လေလေ၊ သူတို့က အနိုင်ကျင့်ချင်လေလေပင်။ ဒါပေမယ့် တကယ်တမ်းကျတော့ ရည်ရွယ်ချက်ဆိုးတွေ မရှိကြဘူး။

အန်းနင်က မျက်နှာချင်းဆိုင်အိပ်ရာကိုကြည့်လိုက်မိသည်။ဒါက ပထမဆုံး ချင်ဝေ့ဟော်တစ်ယောက် သူ့ဘက်ကို လှည့်အိပ်ဖူးတာဖြစ်​၏။ ချင်ဝေ့ဟော်က မီးရောင်ကို တုံ့ပြန်လျက် မျက်လုံးတွေကို မှိတ်ထားခဲ့သည်။

သူခေါင်းကို ပြတ်ပြတ်သားသား ငုံ့ချလိုက်မိပြီး ဝေါဟာရစာအုပ်ကို စိုက်ကြည့်နေမိ​၏။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now