'' ဟုတ်ကဲ့ ခေါ်လာခဲ့ပါ့မယ်.....နှောင်းလည်းတွေ့ဖူးချင်တယ် ပြောပါတယ်ဗျ''

''..........''

'' အာ့ဆို... ဒါပဲနော် ဖိုးလေး''

နှောင်းကို အဖိုးနဲ့ တရားဝင် မိတ်မဆက်ပေးရသေးတာကြောင့် အဖိုးက လှမ်းအကြောင်းကြားခြင်းဖြစ်သည်။ အမှန်ဆို သူ့ကျန်းမာရေးကြောင့်ရယ်၊ အခြေအနေ မတည်ငြိမ်သေးတာကြောင့် ခေါ်မသွားသေးတာပင်။ နှောင်းကို အဖိုးအကြောင်း အနည်းနဲ့ အများတော့ ပြောပြဖူးသည်။ သို့ပေမဲ့ များများစားစားတော့ မပြောဖြစ်သေးပေ။

စက်ကို အဖိုးက ငယ်စဥ်ကတည်းက စောင့်ရှောက်ပေးဖူးတာနဲ့ သူ့အား လုပ်ငန်းကိစ္စအဝဝကို သင်ကြားပေးဖူးတဲ့ အကြောင်းပဲ အကြမ်းဖျင်းပြောပြထားသေးသည်။ နှောင်းကတော့ အဖိုးကိုတွေ့ဖူးချင်တယ်ပြောသည်။ ဒါပေမဲ့ တွေ့ဖို့ မဝင့်ရဲသည့်ပုံဖြစ်နေတာကြောင့် ခေါ်မသွားဖြစ်ခဲ့။ ခုတော့ အဖိုးဖြစ်သူက လှိုက်လှိုက်လှဲလှဲဖိတ်ခေါ်နေတာကြောင့် မငြင်းရက်တော့ပဲ သွားဖို့သဘောတူလိုက်ခြင်းပင်။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

နှောင်း အိမ်တွင်းထဲမှာ နေတာ ပျင်းနေ၍ ဟိုလျှောက် ဒီလျှောက် လုပ်နေခြင်း။ ခြံထဲလည်း မဆင်းရ အိမ်ထဲမှာပဲနေနေတာကြောင့် လုပ်စရာအလုပ်ကလည်းမရှိ။ ဘယ်သူမျှသူ့အား ဘာဆိုဘာမှမလုပ်ခိုင်းတာကြောင့် စိတ်ညစ်နေရတယ်။

ခုဆို သူ့စိတ်လည်း တည်ငြိမ်နေပီ။ အရင်ကလောက်သိပ်မကြောက်တော့ပေမဲ့ မီးမြင်ရင်တော့ အနည်းငယ်ကြောက်တတ်သေးသည်။ တစ်ခါတစ်ရံလူတွေကို လန့်တာကလွှဲရင် ကျန်တာ အဆင်ပြေသည်လေ။

လမ်းလျှောက်နေရင်း နောက်ဖေးခန်းမှာ အလုပ်လုပ်နေတဲ့ မိအေးနားကပ်ကာ.....

'' မိအေး..... ကျွန်တော်ပျင်းလိုက်တာ။ လုပ်စရာမရှိဘူးလား။ နည်းနည်းပါးပါး မခိုင်းချင်ဘူးလားဟင်''

'' အမလေး အစ်ကိုလေးရယ်.... အေးဆေးပဲနေပါနော်... တော်ကြာသခင်လေးသိရင် ဆူနေပါဦးမယ်''

'' ဟွန့်...ညီမတို့ကလေ ပြောလိုက်ရင်အဲ့တိုင်းကြီးပဲ...အရင်ကဆိုလေ ကုမ္ပဏီလေးသွားလိုက်၊ ကိုယ်ကြိုက်တဲ့နေရာ လျှောက်လည်လိုက်နဲ့ ပျော်စရာကြီး... ခုတော့ကြည့် ဘယ်မှလည်းမသွားရ၊ ခြံပြင်လေးတောင် မထွက်ရတဲ့ဘဝ''

Soulmates (Completed)Donde viven las historias. Descúbrelo ahora