"ဖေဖေရော..."

ကားထဲမှာများလားဆိုသော နောက်ဆုံး မျှော်လင့်ချက်ဖြင့် မေးမိပေမဲ့...

"ဆရာက အရေးကြီးတဲ့အလုပ်ကိစ္စရှိနေလို့ အန်ကယ့်ကိုကြိုခိုင်းလိုက်တာပါ အက်ိုလေး.."

သားတစ်ယောက် ထောင်ကလွတ်မြောက်လာတာထက် ပိုအရေးကြီးတဲ့ကိစ္စမျိုး ဖေဖေ့ဆီမှာ ရှိနေပြီတဲ့လား။အတွေးနှင့်အတူ ရင်ဘတ်ထဲမှာ စစ်ကနဲ နာကျင်သွားရပေမဲ့လို့ သူခံစားချက်မဲ့နေသော မျက်နှာသေဖြင့်သာ ခေါင်းညိတ်ပြလိုက်တော့သည်။ဦးငွေစိုး အသင့်ဖွင့်ပေးသော ကားတံခါးနားမှာ ရပ်ရင်းဖြင့် အင်းစိန်ထောင်ကြီးအား နောက်ဆုံးအနေဖြင့် လည်ပြန်လှည့်ကြည့်မိသည်။ဒီနေရာဟာ သူ့အတွက်တော့ အိမ်မက်ဆိုးများစွာဖြင့် မွန်းကြပ်လှောင်ပိတ်ခဲ့ရတဲ့ နေရာဖြစ်သလို အတွေးအမြင် အသိစ်ိတ်တို့ကို ပို၍ရင့်ကျက်ခိုင်မာစေခဲ့တဲ့ နေရာလည်းဖြစ်လေသည်။ထောင်တံခါးအား အကြည့်လွှဲပြီးမှ ကားထဲသို့ဝင်ထိုင်ပြီး တိတ်တဆိတ်သာ လိုက်ပါခဲ့လိုက်သည်။ဦးငွေစိုးကလည်း ဘာမှမပြောပဲ ကားကိုသာ ဂရုတစိုက်မောင်းလာလေသည်။

ခုနစ်နှစ်ကျော်ကာလက ရန်ကုန်မြို့ကြီးကို အများကြီး​ပြောင်းလဲသွားစေပြီဖြစ်သည်။အရင်ကထက် လမ်းတွေပိုပိတ်ကာ ကားတွေလည်း ပ်ိုကျပ်လာသည်ဟု ထင်ရသည်။
ခေတ်မှီ အဆောက်အဦးတွေလည်း ပို၍များပြားကျပ်ညှပ်လာသလို ပျားပန်းခတ် လှုပ်ရှားသွားလာနေကြသော လူများဖြင့် လူနေမှုသည်လည်း ပ်ို၍ထူထပ်လာသည်။သူ့အတွက်တော့ အရာအားလုံးဟာ အသစ်အဆန်းဖြစ်လ်ို့နေသည်။ကားပြတင်း အပြင်ဖက်မှ မြင်ကွင်းများအား ငေးကြည့်နေတုန်း ဦးငွေစိုး၏ ဖုန်းက ထမြည်လာလေတော့သည်။

"ဟယ်လို ဟုတ်ကဲ့ ဆရာ အခုပြန်လာနေပါပြီ...ဟုတ်ကဲ့."

"..."

ဦးငွေစိုးက ဖုန်းကိုဖွင့်ဖြေပြီးမှ သူ့ရှေ့သို့ထိုးပေးကာ...

"အကိုလေး ဆရာက ပြောမလို့တဲ့..."

သူအသာအယာပင် ဖုန်းက်ိုဆွဲယူ၍ နားနားကပ်ကာ...

"ဟယ်လို ဖေဖေ..."

အသံပြုလိုက်တော့ ဖေဖေ့ဖက်မှ တုံ့ပြန်မလာပဲ ခတ္တငြိမ်သက်နေလေသည်။ပြီးမှ..

Wild  Rose(complete)Where stories live. Discover now