[UNICODE]
"မင်္ဂလာပါ ဧည့်သည် ဘာများသုံးဆောင်မလဲရှင့်"
"ကျနော့်ကို ice-creamတစ်ခွက်နဲ့ light brewed coffeeတစ်ခွက်ပေးပါ"
ကောင်တာနဲ့သူထိုင်နေတဲ့ဝိုင်းက သိပ်မဝေးတာကြောင့် ကိုကိုပြောတဲ့စကားများကိုအတိုင်းသားကြားနေရသည်။ အင်း...သူ့ရင်ခုန်သံကိုရောပေါ့။
"ဟုတ်ကဲ့ ice-creamက ဘာအရသာယူမလဲရှင့်"
ဝန်ထမ်းကောင်မလေးကမေးလိုက်တော့ ကိုကိုက သူထိုင်နေတဲ့ဘက်တစ်ချက်လှမ်းကြည့်သည်။
"vanillaယူမယ်ဗျ toppingများများထည့်ပေးပါ chocolate chipsရော"
အမှာကောင်တာဘက်လှည့်ပြီး ပြောလိုက်တဲ့ကိုကို့ရဲ့စကားကြောင့် သူ့မျက်နှာတွင် ကျေနပ်ပြုံးတစ်ခုပေါ်လွင်လာသည်။ ကိုကိုက သူ့အကြိုက်တွေကို သတိတရရှိနေပေးလို့...။
"ကျနော်စားပွဲဝိုင်း13မှာရှိနေမှာမို့ အဲ့ကိုလာချပေးပါနော်"
-------
"ကဲ..အဲ့တော့ဘယ်လိုလဲ ဖြေနိုင်လား"
သူနဲ့မျက်နှာချင်းဆိုင်ထိုင်ရင်း တည်တည်ငြိမ်ငြိမ်မေးလာတဲ့ ကိုကို့ရဲ့တောက်ပတဲ့မျက်လုံးတွေကတဆင့် စိတ်အားထက်သန်မှုကိုမြင်နေရသည်။
"အင်း...ဒီလိုပါပဲ"
"Jeon Jungkook...မင်းကို အဲ့လိုမရေမရာအဖြေပေးဖို့အတွက် ငါguideလာပြပေးနေတာမဟုတ်ဘူးဆိုတာ မင်းသိမှာပါ"
ပြောလာတဲ့လေသံက အေးဆေးနေပေမဲ့ ကိုကိုဒေါသထွက်နေပြီဆိုတာကို သူကောင်းကောင်းသိသည်။ ကိုကိုက သူ့ကို တော်ရုံတန်ရုံ "မင်း" "ငါ"ဆိုပြီး မပြောတတ်ဘူးမလား။
"အဟင့်...ကိုကိုကသားကိုဆူတာလား"
ပြောရင်း ခေါင်းငုံ့လိုက်ပြီး ငိုမယ်ပြင်လိုက်တော့ ကိုကိုက ပြာပြာသလဲ သူထိုင်နေတဲ့ထိုင်ခုံနားရောက်လာသည်။ သိတာပေါ့။ သူငိုမှာကို ကိုကိုသေမလောက်ကြောက်တာ၊ သူ့မျက်ရည်တွေက ကိုကို့အားနည်းချက်ဆိုတာကို....။
"ကလေး....ငိုနေတာလား ကိုယ့်ကိုမော့ကြည့်ပါအုံး ကိုယ်ကဆူတာမဟုတ်ပါဘူးကွာ ဒီတိုင်းကလေးစာမေးပွဲ ဖြေနိုင်ခဲ့ရဲ့လားဆိုတာကို စိတ်ပူပြီးသိချင်လို့ပါ မငိုနဲ့တော့နော် ကိုယ်တောင်းပန်တယ်"
YOU ARE READING
C R A V E
Fanfiction- currently craving u - short story COMPLETED 20.2.22 - 15.4.22
