"အလုပ်ကောင်းကောင်းလုပ်တဲ့အစာအိမ်ရှိတာကိုမုန်းနေတာလား?"

"ချင့်ဟွမ်"

ဟော်ချွီမှ သူ့လက်ကောက်ဝတ်အားဆုပ်ကိုင်ထားပြီး အသနားခံနေသောလေသံဖြင့်ပြောလာ၏။

"ကိုယ့်ကိုလဲမင်းနဲ့အတူခေါ်သွားပါ ကိုယ်လည်းတခုခုစားချင်တယ်"

ဘေးနားတွင်ရပ်နေသည့်ဟော်ယုံ, "..."

သူသာအမှတ်မမှားဘူးဆိုရင် သူ့ညီလေးဟာရွှေဖရုံသီးဆန်ပြုတ်နှစ်ပွဲနဲ့ဝက်သားထာပနာမုန့်တခုကြီးတောင်စားခဲ့ပါသေးတယ်! တကယ့်ပြသနာအစစ်အမှန်ကဘာလဲဆိုတော့? ဘယ်တုန်းကမှအလိမ်အညာစကားတွေမဆိုတတ်ဖူးသည့်သူ့ညီငယ်လေးကဘယ်တုန်းကစပြီးဒီလိုလိမ်ညာလှည့်ဖျားတတ်ဖို့သင်ယူထားသလဲဆိုတာပင်။

သူဟာ ဟော်ချွီအား ဝေခွဲရခက်နေသည့်အကြည့်တို့ဖြင့်ကြည့်လိုက်ပြီးစိတ်ထဲသက်ပြင်းအသာချမိ၏။

စက္ကူဖြူလေးနဲ့သဏ္ဍန်တူသော သူ့ညီငယ်လေးမှာ တကယ်တမ်းတော့ ကူလီကူမာများသောမြေခွေးတကောင် ဒါမှမဟုတ် ဝံပုလွေတကောင် မဟုတ်ပါကတခြားအရာတခုခုဖြစ်မှန်းမသိဖြစ်နေတာကို ရုတ်တရက်ကြီးရှာဖွေတွေ့ရှိသွားရတော့သည်။ ဒါကြီးကတကယ့်ကို သူ့လောကအမြင်တွေကိုပြောင်းပြန်လှန်ပေးသွားနိုင်ခဲ့သည်။

"သေချာပေါက်မင်းပါလိုက်လာလို့ရတာပေါ့"

ယွီချင့်ဟွမ်မှ သူ့ခေါင်းလေးကိုထိ‌တွေ့လိုက်ပြီး ချင်ကျန့်ဘက်လှည့်လိုက်၏။

"ကော ကျွန်တော်တို့အတူတူထိုင်လို့ဖြစ်တယ်မလား?"

"သိပ်ဖြစ်တာပေါ့"

ချင်ကျန့်မှရယ်မောလာပြီး

"မင်းသူငယ်ချင်းကငါ့သူငယ်ချင်းပဲလေ ဒါ့ပြင်ဟော်ယုံနဲ့ငါနဲ့က အရင်ကတည်းကဆုံဖူးပါတယ်"

ယွီချင့်ဟွမ်မှ သူ့စကားဟာတစုံတရာကိုရည်ညွှန်းချင်နေတယ်လို့ခံစားမိလိုက်သော်လည်း ဘာဆိုတာအဓိပ္ပါယ်မဖော်နိုင်ပေ။ထို့ကြောင့် ခေါင်းကိုသာအသာညိတ်ပြလိုက်ပြီး အကြောင်းအရာကိုကျော်သွားလိုက်၏။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now