Whatever You Are Zawgyi (4)

Start from the beginning
                                    

မိန်းကလေးဆိုရင် ပြားပြားချပ်ချပ် လေးနဲ့ လှနေတာပေါ့ ရိပေါ်တို့ အုပ်စုလည်း ၀တ်လိုက်ရော အဖုအဖောင်းတွေက လုံးဝ Elastic လိုအကြပ်နဲ့ဆိုတော့ ကွင်းကွင်းကွက်ကွက် ဖုဖုဖောင်းဖာင်းတွေနဲ့ပေါ့ မကခင် ဂါဝန်လေးတွေ ဖိဖိဖုံးဖုံး လုပ်ပေမယ့် တကယ့် ဘဲလေးအက အတိုင်းလည်း ကလိုက်ရော အရှက်ကွဲတော့ တာပါပဲ

"ဟား...ဟား....ဟား....ရိပေါ် တို့ရဲ့ အကအဖွဲ့  ကလိုက်တာ နဲ့ အားလုံးကို Surprise တင်မကဘူး အချဉ်ပေါင်း ကျွေးလိုက်သလို ဖြစ်ပြီ အခုတောင် ငါက အချဉ်ပေါင်း ပြေးဝယ်စားချင်စိတ်တောင် ပေါက်သွားပြီ"
(အချဉ်ပေါင်း = ဂွေးသီး ကို ဆိုလိုတာပါနော်)

ဆိုပြီး ကျန့်ကျန့် က ခွက်ထိုးခွက်လန် ရီတော့တာပါပဲ ရိပေါ်တို့လည်း အုပ်စုလိုက် ကတာရပ်ပြီး ချက်ချင်း ဂါဝန်တွေ နဲ့ ဖုံးဖိရတာပဲ   ဒီရှောင်းကျန့်ကတော့ မပြောရဲတာ မရှိပါလား

"ဘယ်လို လုပ်မလဲ Surprise က တိုက်ချင်တဲ့အချိန်မဟုတ်ဘဲ ကြိုတိုက်မိလို့ ကြည့်ရှုသူတွေ တံတွေး နင်ကုန်တော့မှာပဲ"

ဆရာမကတော့ လူကြီးမို့ ပြုံးပြီး

"ဒါ ဒီ အက အဖွဲ့ရဲ့ ဒီဇိုင်းနာ တာဝန်ယူထားရတဲ့  ကျန့်ကျန့် က ပရိတ်သတ် တံတွေးမနင်အောင် လုပ်ပေးရမှာ မဟုတ်လား"

"ဟုတ်ပါတယ် မားမားရဲ့ ဒါကြောင့် ကျန့်ကျန့်က ၀တ်စုံကို အထူးချုပ်ပေးရမှာပေါ့ ကျန့်ကျန့်ရဲ့ အစွမ်းလေးတွေ ပြချင်လို့ တမင်တကာ သူတို့ကို Market ထဲက ၀တ်စုံ နဲ့အရင် စမ်းကခိုင်းတာ ဒါမျိုးတွေ ဖြစ်တတ်တာ လက်တွေ့သိရအောင်လို့ပါ"

ရှောင်းကျန့်ရဲ့ စကားအဆုံး စုန့်ကျိရန်က

"ကျန့်ကျန့်က အစွမ်းမပြခင် ကျွန်တော်တို့ရဲ့ ဇစ်မြစ်လေးတွေ ခင်းကျင်းပြသလိုက်သလို ဖြစ်နေပြီ ရှက်လိုက်တာ"

ကျန်တဲ့သူတွေကလည်း မျက်နှာတွေပါတွေနီပြီး အိုးတိုးအန်းတန်း ဖြစ်ကုန်ကြတာပေါ့ ရိပေါ်က သာတောင်ဆိုးသေးတယ် ပါးတွေ နှာခေါင်းတွေ နားရွက်တွေပါနီပြီး ခေါင်းတောင် မဖော်ရဲတော့ဘူး ရှောင်းကျန့်ကတော့ ခပ်တည်တည်နဲ့ ဆက်ပြောပါတယ်

Whatever You AreWhere stories live. Discover now