"ဟို…ငါ…ငါဆို…ဘယ်လို…ကိုင်…ကိုင်ရ
မှန်းတောင်မသိဘူး…ညာဘက်နဲ့တီး…တီး
ရမှာလား…ဘယ်ဘက်လားတောင်…မ…
မသိဘူး……"

သူ့ ခန္ဓာကိုယ်လေးကတဖြေးဖြေးကိုယ့်ဆီ
တိုးလာနေသည်။ ရင်တွေကပိုပြီးအဆက်မပြတ်
ခုန်လှုပ်လာတယ် ထို့နောက်သူ့ ဆီကဂစ်တာ
လေးကိုလှမ်းပေးပြီး နေရာချပေးသည်။

"ညာလက်သန်ရင်ညာလက်နဲ့တီးလေ~…
ဒီလိုမျိုးလေးထားလိုက်ပေါ့~………"

ကျနော့်လက်ချောင်းတစ်ချောင်းချင်းစီးကို
ညင်ညင်သာသာလေးကိုင်ကာ ဂစ်တာကြိုးပေါ်
ကိုလည်းဖွဖွလေးနေရာချပေးနေလေသည်။
ကိုယ်လည်းဂစ်တာကြိုးကိုကြည့်နေရင်း
ရုတ်တရက်အရှေ့လှည့်မိသွားသည်။

တကယ်ကြီးအချိန်တွေအကုန်လုံးရပ်တန့်
သွားသလိုတောင်ခံစားနေရတဲ့ခံစားမှု။
အသက်ရှူသံတွေကအစကြားနေရလောက်တဲ့
နီးကပ်မှုကြီး။ အသက်ရှူ တဲ့လေပူငွေ့လေး
တွေကအစမျက်နှာပြင်ပေါ်မှာဖြတ်ပြေးနေသည်။
မျက်ဝန်းနက်များနှင့်အချိန်အတော်ကြာ
အကြည့်ချင်းဆုံနေလေသည်။ တခါမှဒီလို
မဖြစ်ဖူးပေမဲ့ ဒီခံစားချက်ကြီးကထူးဆန်းတယ်
ရေဆာသလို အာခေါင်ခြောက်သလိုခံစားမှုကြီး။

ဂျောင်ဂုလည်းမျက်နှာအမြန်လွှဲသွားလေပြီး
လည်ဇလုတ်လေးလှုပ်ခတ်မိသည်။

"ဒီလက်ညိုးလေးကိုဒီကြိုးပေါ်သာသာလေး
ဖိထားလိုက်~………ဒီလက်ချောင်းလေးကို
ကောပဲ~……"

ကျနော်လည်းအကြည့်လွှဲပြီးနေမိတယ်။
ဒီလောက်ထိနီးနီးကပ်ကပ်တခါမှမနေဖူးပေ
အသက်ရှူနေတဲ့လေငွေ့ နွေးနွေးလေးတွေက
မျက်နှာပြင်ပေါ်ဖြတ်ပြေးလျက်ပင်။
မမေ့နိုင်တာက ကျနော့်လက်ချောင်းလေးတွေ
အပေါ်ကိုညင်ညင်သာသာလေးကိုင်ထားတဲ့
သူ့ ရဲ့လက်ကလေးတွေပေါ့။

ဂစ်တာကြိုးလေးတွေကိုသူထားခိုင်းတဲ့
နေရာအတိုင်းထားလေပြီးတော့ဖိကာ
တချက်တီးလိုက်သည်။

"အာ့~……အရမ်းမဖိနဲ့ကြိုးတွေကို~……"

ဒီလိုပြောတော့နည်းနည်းလေးစိတ်မကောင်း
ဖြစ်မိသွားတယ်။ ဘာလို့လဲ တန်ဖို့းထာရတဲ့
ဂစ်တာကြိုးလေးတွေပြတ်မှာဆိုးလို့လား။

My Neighbour [KookJin]✔️Where stories live. Discover now