အခန်း (၇)

Start from the beginning
                                    

သန့် ကွန်ပျူတာတစ်လုံးဖြင့် အလုပ်ရှုပ်နေသလို ခင်မင်းကိုလည်း လိုအပ်သလို ညွှန်ကြားနေသဖြင့် ကွန်ပျူတာ ကိုယ်စီဖြင့် အလုပ်လုပ်နေကြရသည်။ခင်မင်း အားသွားသည့်တိုင် သန့်မပြီးသေး။ခင်မင်း မနေ့ညကလို ဝရံတာထွက်ကာ ညမြင်ကွင်းကို ငေးကြည့် နေသည်။ဘာကိုမှအလေးအနက် မတွေးပဲနေ၍လားမသိ။အရာရာမေ့နေကာ စိတ်ထဲတွင် ခံစားမှုကောင်းနေသည်။ထိုစဥ် လက်ထဲတွင်ကိုင်ထားသော ဖုန်းမြည်လာ၍နံပါတ်ကိုကြည့်လိုက်ကာ

"ဟဲလို"

"မခင်မင်း"

"ဟုတ်ကဲ့ရှင့်"

"ဟိုလေ၊ကျွန်တော့်ကို စဥ်းစားပေးမယ်မဟုတ်လားဗျာ"

"ကျွန်မ အခု အလုပ်ကိစ္စနဲ့ ခရီးမှာမို့"

"သြော်၊ဆောရီး။မသိလိုက်ဘူး"

"ဟုတ်"

"ဒါဆို မခင်မင်းပြန်ရောက်ရင် ကျွန်တော်တို့ထပ်ဆုံကြမလားဟင်"

"ဟို၊အဲ့ဒါက"

"မခင်မင်းကို အေးဆေးစဥ်းစားပါလို့ ​ကျွန်တော် ပြောထားပေမယ့် တကယ်က ကျွန်တော် အဖြေ မြန်မြန်လိုချင်မိတယ်ဗျာ။သူများဦးသွားမှာမျိုး တွေးကြောက်မိလို့"

"ကျွန်မကို ဘယ်သူက ဦးရမှာလဲရှင်။Propose လုပ်ထားတာလည်း ကိုရှားနောင်ပဲရှိတာပါ"

"ဟာ တော်ပါသေးရဲ့ဗျာ။ဒါပေမယ့် ဖြစ်နိုင်ရင် အမြန်စဥ်းစားပေးပါနော်"

"ဟုတ်ကဲ့ ကျွန်မ စဥ်းစားပေးပါ့မယ်။ဒါပေမယ့် ပြန်ရောက်ရင် ကျွန်မ မဆုံချင်သေးဘူး။တွေ့ထားတာလည်း မကြာသေးတော့လေ"

"ရပါတယ်၊စဥ်းစားပေးမယ်ဆိုတာနဲ့ ကျွန်တော် ပျော်နေပါပြီ"

"ဒါဆို ကျွန်မ ဖုန်းချလိုက်မယ်နော်"

"ဟုတ်ကဲ့၊ဂွတ်နိုက်ပါဗျာ"

ဖုန်းချပြီး ခင်မင်း သက်ပြင်းလေးရှိုက်ကာ အဝေးကိုငေးနေပြန်သည်။တအောင့်ကြာမှာ အခန်းထဲဝင်မလို့ လှည့်လိုက်စဥ်

"အမယ်လေး"

ခင်မင်းရဲ့နောက်ဘက် မနီးမဝေးမှာ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော ဘော့စ်။ဘော့စ်က မှောင်ရိပ်မကျတကျမှာ ရပ်နေဆဲ။

ဖွဲ့နှောင်ရစ်သည် [ Complete ]Where stories live. Discover now