ပိုင်လီ(final)

2.2K 117 6
                                    

unicode

အရင်တုန်းက ပြည်သူတွေဝိုင်းတင်မြှောက်ထားတဲ့ မိဖုရားဟာ အခုမှာတော့ ပြည်သူတွေရှေ့မှာပဲ ထိုင်ကာ အရှေ့က ကြွေခွက်လေးထဲက အရည်များကိုစိုက်ကြည့်ပြီး အသက်မပါစွာ ရယ်လို့နေသည်။

"မင်းရဲ့အပြစ်ဒဏ်က အဲ့တာပဲ ငါမင်းကိုငါ့လက်နဲ့မသတ်ချင်တာမို့ အဲ့အဆိပ်ကိုသောက်ပြီး မင်းရဲ့အပြစ်တွေကို ဆပ်ပါ!"

သူမက ထပ်ရယ်ပြန်တယ်။

"ကျနော်မျိုးမ ဘာလို့ မယ်တော်ကြီးကို အဆိပ်ခပ်ခဲ့ရသလဲဆိုတာ ဧကရာဇ်သိလား!"

တီးတိုးပြောဆိုသံတွေဟာ တိတ်ကျသွားပြီး တချို့သူများဟာ သူမကို ရွံရှာသလိုကြည့်ပြီး တစ်ချို့သူများကတော့ သူမကို သနားသောအကြည့်များဖြင့် ကြည့်ရှုနေလေသည်။

"မယ်တော်ကြီးက ကျနော်မျိုးမလို မိန်းကလေးထက် ဧကရာဇ်မင်းရဲ့အချစ်တော်ကို ပိုဦးစားပေးနေခဲ့တယ်လေ!
ဟားဟား"

အကျယ်ကြီးအော်ရယ်လို့ မျက်ရည်စီးချောင်းများနှင့်သူမဟာ အရူးတစ်ယောက်လိုပင်။

"ကျနော်မျိုးမအချစ်တွေကို ဧကရာဇ်က လျစ်လျူရှုထားသလိုမျိုး ဧကရာဇ်ရဲ့ အချစ်တွေကိုလည်း ပိုင်မုတန်က လျစ်လျူရှုပါစေ!!"

ကျိန်စာမဆိုသာသော ကျိန်စာတစ်ခုဟာ ပဲ့တင်ထပ်လို့ ကောင်းကင်မှ မိုးကြိုးတွေပစ်ခတ်ကာ မျက်ရည်ကြည်တို့ရွာသွန်းခဲ့သည်။ထို့နောက် ပါးစပ်မှသွေးတွေနှင့်လဲကျသွားသော သူမကို မည်သူမျှ ဂရုမစိုက်ကြတော့သလို သူမရဲ့ ကျိန်စာကိုလည်း မည်သူမျှ အလေးမထားတော့ပါ။

___________

ဧကရာဇ်ရဲ့အချစ်တော်လေးဟာ ယခုဆို ဧကရာဇ်ရဲ့ ကိုယ်ပွားလေးကို လွယ်ထားရသည်မို့ မယ်တော်ကြီး၊မယ်မယ် နဲ့ရှောင်းကျန့်တို့အပြင် အားလုံးက ပေါက်စီလုံးလေးနှင့်တူလာသော ကောင်လေးကို ဝိုင်းချစ်ကြတော့သည်။ကိုယ်ဝန်ရှိလာချိန်မှစ၍ အပြင်ကိုသိပ်မထွက်တတ်တဲ့ ကောင်လေးရဲ့အသားတွေဟာ ဖြူဖွေးပြီး မပူတပူဖြစ်နေတဲ့ ဗိုက်ကလေးကြောင့် ဖက်ထုတ်လေးနှင့်တူသလိုလို ပေါက်စီလေးနှင့်တူသလိုလိုပင်။ဧကရာဇ်ကြီးဟာလည်း ဗိုက်ထဲကပေါက်စလေးကို ချစ်သလိုမျိုး ပေါက်စလေးရဲ့ပါးပါးကိုလည်း ရင့်နင့်နေအောင်ချစ်ပါသတဲ့။

The love of the emperor{ဧကရာဇ်မင်း၏အချစ်တော်}completedWhere stories live. Discover now