အဆိပ်ရှိမြှား

1.9K 147 8
                                    

Song Name- King & Queen

Unicode

နေမင်းကြီးထွက်စပြုနေသောအချိန်ရောက်နေပါသော်လည်း အချိန်တိကျလှသော ဧကရာဇ်မင်းကြီးဟာ ယခုများတွင်တော့ ကိုယ်လုပ်တော်ဝမ်၏ပေါင်ပေါ်မှာ လှဲလျောင်းအိပ်စက်လို့နေပါသတဲ့။ငိုထားလို့နီရဲနေတဲ့မျက်ခွံမို့မို့လေးများနှင့် မျက်ဝန်းညိုတစ်စုံဟာလည်း ထွက်စပြုနေပြီဖြစ်သော နေမင်းကြီးစီမှ အကြည့်မလွှဲနိုင်စွာ အချိန်အကြာကြီးစိုက်ကြည်လို့နေခဲ့ပါသည်။

ပေါင်ပေါ်မှာအိပ်စက်နေသည်ဟုထင်ရပါသော ဧကရာဇ်မင်းဟာ သူ့ရှေ့မှ အလှတရားလေးကိုလည်း တစ်ခါတရံခိုးကြည့်တတ်ပါသေးသည်။ဧကရာဇ်ရဲ့ဝတ်ရုံတော်ကို ခန္ဓာကိုယ်လေးဖုံးအောင်ဝတ်ထားပြီး လည်းပင်းသားများနှင့် သွယ်လှသောပေါင်တံတို့မှာတော့ အကာအကွယ်မရှိ။လစ်လပ်နေသော လည်ပင်းသားများနဲ့ပေါင်တံတစ်လျှောက်မှာ အနီကွက်တို့ဟာ လက်ချိုးရေမရသည်အထိပင်။

"ဝမ်က လှတယ်"

မနေနိုင်စွာထုတ်ပြောမိတော့ လှည့်ကြည့်လာတဲ့အံသြနေသောပုံစံလေးဟာလည်း ချစ်စရာအတိ။

"ကိုယ်တို့နန်းတော်ကို ရောက်တော့မယ်ထင်တယ်နော်ဝမ်"

"....."

ပြန်ဖြေမလာသောကြောင့် သူလဲ ထိုင်လိုက်ကာ အနောက်ကနေဝမ့်ကို သိုင်းဖက်ပြီး တိမ်တွေကြားမှတိုးထွက်လာသော နေမင်းကြီးကို ကြည့်နေလိုက်သည်။

__________

နန်းတော်ကြီးမှာ အလုပ်ရှုပ်နေကြတဲ့ နန်းတွင်းသူတို့ကိုကြည့်ပြီး ဝတ်စုံအမဲကိုအပြည့်ဝတ်ထားတဲ့လူတစ်ယောက်ဟာ နန်းတွင်းသူတစ်ယောက်ကိုခေါ်လိုက်ကာ

"ဒီမှာပွဲတစ်ခုခုရှိလို့များလား"

"အာ...မသိသေးဘူးထင်တယ် ဧကရာဇ်ရဲ့ထိမ်းမြားလက်ထပ်ပွဲလေ"

ထိုစကားကြားတော့ ဝတ်စုံအမဲနှင့်လူရဲ့ လက်သီးများ တင်းတင်းကျပ်ကျပ်ဆုပ်လိုက်ပြီး ထိုနေရာမှ ထွက်သွားခဲ့သည်။ဘယ်ကို ထွက်သွားခဲ့သလဲဆိုတာ ဘယ်သူမှမသိကြ။

သေချာတာကတော့ ထိုလူသည် သူ့အပိုင်ကိုပြန်ယူမည့်ပုံစံပေ။

The love of the emperor{ဧကရာဇ်မင်း၏အချစ်တော်}completedحيث تعيش القصص. اكتشف الآن