'' ဟုတ်ပါပြီ ကွာ ကိုယ်ခနနေ တစ်ခုခု သွားရှာလိုက်မယ်။ ''

ထို့နောက် ခနငြိမ်သက်သွားပြီး

'' တိမ်တိုက် ''

'' ဗျာ ''

'' ကိုယ် စိတ်လှုပ်ရှားနေတယ် သိလား။ သူတို့လေးတွေ ကို စိတ်ပူတယ် ''

တပည့်ထက် ဆရာက ပိုစိတ်လှုပ်ရှားနေသည်တဲ့လေ။ ကျောင်းတွင် တည်တည်ငြိမ်ငြိမ် အေးဆေးနေသော အမျိူးသားလေးက တက္ကသိုလ် ဝင်စာမေးပွဲကြောင့် စိတ်လှုပ်ရှားနေသည်တဲ့။ ဒါတောင် သူဖြေရသည်မဟုတ် ။

'' ကိုခွန်းရယ် သူတို့ဖြေနိုင်မှာပါ ဒီလောက်တော်တဲ့ ဆရာ ဦးခွန်းမာနမောင် ရဲ့
တပည့်တွေပဲဟာ စာမေးပွဲလောက်ကတော့ အသာလေးပဲ နေမှာ ဟုတ်တယ်မလား
ခွန်း ပါဝါ နဲ့ဆို ကလေးတွေ အေးဆေးပဲ ''

ခွန်းဟက်ဟက်ပက်ပက် ရီတော့သည်။ အနှီကောင်လေးက သူ့အား ချီးမွှမ်းနေတာပဲ ။

'' ဟားးး တတ်ပကွာ ''

'' ဟုတ်တယ် ကိုခွန်းရဲ့ ။ ကိုခွန်းက ဒီလောက် တော်တဲ့ဟာကို ကျွန်တော်သာ ဆယ်တန်း​တုန်းက ကိုခွန်းနဲ့ သင်ခဲ့ရမှာ။ မပြောနိုင်ဘူးလေ All D တွေဘာတွေ ထွက်နိုင်တယ် ''

'' ကဲကဲ သိပ်မမြှောက်နဲ့ ပြန်ရောက်မှ ကော်ဖီလိုက်တိုက်ပါ့မယ် ''

ခွန်း သဘောကျလျက် ရယ်သည်။

'' ဪ တကယ်ပါ ဆို ဘာလဲ ကိုခွန်းက လှောင်တာလား ''

'' ခင်ဗျားလေးကို မလှောင်ဝံ့ပါ ဗျာ ဟားးဟားး ''

မလှောင် ဘူးသာပြောတယ် ရီနေတာ ခုထိ မရပ် ။ သိပ်သဘောကျနေပုံရတယ်။

'' ကဲကဲ အိပ်တော့ မနက် အတန်းရှိတယ်မလား။ နောက်ကျနေပြီ ဇာတ်ကားကြည့်မနေနဲ့တော့။ မနက်ဖြန် ကိုယ်အားတဲ့အခါ ဖုန်းဆက်လိုက်မယ် ''

'' ဟုတ် Goodnight ကိုခွန်း ''

'' အင်း Goodnight ''

....................................

နောက်နေ့ မနက် ကျောင်းသွားရာတွင် ထုံးစံအတိုင်း တိမ်တိုက်တစ်ယောက် ကျောင်းနောက်ကျ ပြန်သည်။ ပထမဆုံး အချိန်အား မမှီသည့်အပြင် Practical အချိန်ပါ မမှီတော့ချေ။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now