Part 19 ( U R My Happiness )

128 5 0
                                    

" Honey ဘာလုပ်နေတာလဲ "

မီးဖိုချောင်ထဲတွင် တကုတ်ကုတ်နှင့်အလုပ်ရှုပ်နေသော ချစ်ရသူ၏ခါးအား နောက်မှနေ၍ဖက်ထားပြီး ပုခုံးပေါ်မှေးလေးတင်ထားလိုက်သည်

" မိန်းမအတွက် မနက်စာပြင်ပေးနေတာလေ "

" ခဏလေး ခုနက ဘယ်လိုခေါ်လိုက်လဲ မောင့်ကို "

" Honey လို့ခေါ်လိုက်တာလေ ဘာလဲ မောင်ကမကြိုက်လို့လား "

" အာ ဘယ်လိုတောင် ပြောလိုက်တာလဲ မောင်ကမကြိုက်ဘဲနေစရာလား ကြိုက်တာမှအရမ်းပဲ "

" မွ ချစ်လိုက်တာ ဟန်နီ့ကို "

" ညစ်ပတ်အိုးလေး မျက်နှာလည်းမသစ်ရသေးဘဲ လူကိုလာနမ်းနေတယ် သွားမျက်နှာသွားသစ်ချေ "

" ဘာလဲ ခုတော့ ဒီလိုတွေပြောနေပြီပေါ့ ကျွန်မကို ရွံတယ်လို့ပြောချင်တာလား ဟုတ်လား "

" အယ် မဟုတ်ရပါဘူးရှင် ရှင်လေးဗိုက်ဆာနေမှာစိုးလို့ ကျွန်မက စေတနာနဲ့ပြောမိတာပါ ကျွန်မကိုခွင့်လွှတ်ပါနော် "

" မယုံဘူး " စိတ်ဆိုးချင်ယောင်ဆောင်ပြီး မျက်နှာကိုတခြားဖက်လှည့်ထားသောသူမကို ဒီလူက အသဲတော်တော်ယားနေပါပြီ ထို့ကြောင့်

သူမ မျက်နှာအား ဆွဲယူပြီး နှုတ်ခမ်းတို့အား မွတ်သိမ့်စွာ အားရပါးရ နမ်းချလိုက်သည်

" အာ ဘယ်လိုဖြစ်နေတာလဲ ဒီမှာ အသက်ရှူကြပ်လို့သေတော့မယ် ဘာလဲ ရှင်က ကျွန်မကိုအသေသတ်ပြီး နောက်တစ်ယောက်ထပ်ထားချင်နေတာလား "

အဲ့တာသာ ကြည့်တော့ ခုနက သူမကိုရွံလို့လားဆိုပြီး သက်သေပြလိုက်ပြန်တော့ နောက်တစ်ယောက်ထပ်ထားချင်လို့လားတဲ့ ဒီလောက်စိတ်အပြောင်းအလဲမြန်နေပုံထောက်ရင်ကျွန်မဇနီးမှာ ကိုယ်ဝန်တွေဘာတွေများရှိနေပြီလားမသိဘူး ဆေးစစ်ကြည့်ဦးမှ

" မိန်းမပဲ မယုံဘူးဆို အဲ့တာကြောင့်မောင်က သက်သေပြတာပေါ့လို့ "

" တော်ပြီ မျက်နှာသွားသစ်တော့မယ် ဟွန့် "

ကြည့်ဦး ခုလည်း ဆောက်ကြီးအောင့်ကြီးနဲ့ထွက်သွားပြန်ပြီ အရင်က ခြောက်ကပ်ကပ်နဲ့အထီးကျန်ခဲ့တဲ့ ကျွန်မဘဝရက်စွဲတွေက ဒီအမျိုးသမီးရောက်လာသည့်နေ့ကစပြီး တဖြည်းဖြည်းတောက်ပလာခဲ့သည်

တိတ်ဆိတ်သောရင်ခုန်သံWhere stories live. Discover now