" ဒီကအပြန် မိုး အိမ်ကိုအရင်ဝင်မယ်နော် လိုအပ်တာတွေယူရဦးမယ် ပြီးမှမောင့်အိမ်ကို သွားကြတာပေါ့ "
သွန်းနဒီနဲ့ဖြိုးဇော်တို့လည်းစားပြီးသောက်ပြီးလို့ သူတို့အိမ် သူတို့ပြန်သွားကြပြီ
မိုးနဲ့ထက်မြတ်လည်း နှစ်အယောက်အတူမိုးရဲ့အိမ်သို့အရင်ဝင်ပြီးမှ ထက်မြတ်အိမ်သို့သွားကြသည်
" မိုးရဲ့အဝတ်အစားတွေကို မောင့်ဗီဒိုထဲပဲထည့်လိုက်နော် ဒီဘက်မှာမောင်ရှင်းထားပေးတယ် "
မောင်ပြသည့်နေရာတွင်အဝတ်အစားများအား သေသပ်စွာထည့်သိမ်းလိုက်ပြီး
" မောင်တို့ ညနေစာက မှာစားမှာလား "
" ဟအင်း ချက်စားကြမယ် "
တကယ်တော့မိုးက မောင်နဲ့အတူတူမီးဖိုချောင်ထဲဝင်ပြီး ကြည်နူးချင်တာပါ ခုမှပူပူနွေးနွေးလက်ထပ်ထားကြတာမလား
" ရှင်က ချက်ရောချက်တတ်လို့လား "
" အံမယ် ကျွန်မက မချက်တတ်ပေမဲ့ ဟင်းကောင်းကောင်းချက်တတ်တဲ့မိန်းမကိုရထားတာနော် ကိုယ့်မိန်းမမီးဖိုချောင်ထဲမှာ အာရုံစိုက်နေပြီးချက်နေပြုတ်နေတာကို ဘေးကထိုင်ငေးမှာပေါ့ "
" ဝိုင်းကူဖို့တော့ မစဉ်းစားတော့ဘူးပေါ့မောင့်ကို "
" ကူမှာပေါ့လို့ မိန်းမကလည်း လာဈေးသွားရအောင် နောက်ကျနေရင် ညစာငတ်ကုန်ဦးမယ် "
မောင့်လက်အားအတင်းဆွဲနေတော့
" ခဏစောင့်ပါဦး ပိုက်ဆံအိတ်ယူဦးမယ် "
" ဟီး ဟီး ဟုတ်သား မိုးနည်းနည်းလောသွားတယ် "
သို့နှင့် ထက်မြတ်တို့ ဈေးသို့ထွက်လာကြသည်
ထက်မြတ်က ငါးဆိုမကြိုက် မိုးကြိုက်သည့်အစားအစာဆို ထက်မြတ်ကမစား ထက်မြတ်ကြိုက်တတ်သည့် အစားအသောက်မျိုးဆို မိုးကမကြိုက် နှစ်ယောက်သား ဈေးသွားပြီးကြည်နူးရမလားမှတ်ပါတယ် ဟင်းစားဝယ်ရင်း ထမသတ်ရုံတမယ် ဒါပေမဲ့ ထက်မြတ်ကသာ အရှုံးပေးလိုက်ပါသည် မိုးမှာ သူမကြိုက်တတ်သည်များကို မနိုင်မနှင်း သယ်၍လာသည် ထိုထဲတွင် ထက်မြတ်စားသည့်အရာမှာ ပိစိလေးသာပါလာသည် အင်း ချစ်တော့လဲ သူ့အလိုလိုက်ရတာပေါ့
YOU ARE READING
တိတ်ဆိတ်သောရင်ခုန်သံ
Fantasyစိုးထက်မြတ်မွန် - နင့်ကို ရင်နှင့်အမျှချစ်ပေမဲ့ ငါ့ကြောင့်နင့်အနာဂတ်တွေ ဝေဝါးသွားမှာ စိုးလို့ပါဟာ ငါ့ကိုနားလည်ပေးပါ မိုးသံစဉ် - ဟင့်အင်း နားမလည်ပေးနိုင်ဘူး နင့်ဘက်က သတ္တိနည်းနည်းလေးပဲ ရှိလိုက်စမ်းပါ ဘာလို့အမြဲတမ်းသူရဲဘောကြောင်နေရတာလဲ အိမ့်သစ္စာ - မွ...