"မရဘူး ခင်ဗျား ကျုပ်ဆီကနေ ဘယ်မှ မသွားရဘူး ကျူပ်ဆီမှာပဲ နေ ၊ ဒါ အမိန့်ပဲ"

"မင်းရဲ့ အမိန့်တိုင်း မင်းရဲ့စကားအတိုင်း ကိုယ်လွန်ဆန်ခြင်းမရှိ နေခဲ့ပြီးပါပြီ ကိုဘုန်း
ဒါပေမဲ့...အခု ကိုယ် မနေချင်တော့ဘူး ၊ မခံစားနိုင်တော့ဘူး"

"လင်းစစ်သော်ဇင် ခင်ဗျားက ဘာဖြစ်နေတာလဲ ဘာဖြစ်ချင်နေတာလဲ ၊ ကျုပ်ကို ဘာပဲဖြစ်ဖြစ်ကပ်တွယ်နေမှာပဲဆို"

ရှူးရှုးရှားရှားဖြင့် လင်းစစ်အနားသို့ ရောက်လာပြီး လက်မောင်နှစ်ဖက်အား အားကုန်သုံး၍ ညှစ်ထားသည် ။ လွတ်ထွက်သွားမှာ စိုးသည့်အလား ကိုင်ထားသည်မှာ တင်းတင်းကြပ်ကြပ် ။

"ဟုတ်တယ် ကိုယ်ပြောခဲ့တယ်
အဲ့တုန်းက မင်းကို ဒီလောက်ထိချစ်မိမယ်မှန်း မသိခဲ့လို့ ၊ နေ့တိုင်းနေ့တိုင်း မင်းခံစားရတာကို နှစ်သိမ့်ပေးရင် ပိုပိုပြီး ချစ်လာမိမယ်လို့ မသိသေးလို့...
ကိုဘုန်း...ကိုယ်မင်းကို အရမ်းချစ်တယ်၊ ရူးလောက်အောင်ကို ချစ်တယ် ၊ မင်းသာ ကိုယ့်ကို လိုသလောက်ပဲ သုံးပြီး လွှတ်ပစ်လိုက်ရင် အဲ့အချိန်ကျ မင်းစိတ်ရှုပ်တဲ့အထိ စိတ်ပျက်တဲ့အထိ ဖက်တွယ်မိလိမ့်မယ် "

မျက်ဝန်းအိမ်ထဲမှ တက်လာသော မျက်ရည်အချို့အား ဘုန်းမြင့်မြတ် မြင်နေရသည် ။ အမြဲပြုံးနေတတ်သူက အခု ငိုနေသည်မို့ ဘုန်းမြင့်မြတ် ဘာဆက်ပြောရမှန်း မသိတော့ ။

"ခင်ဗျား...ကျုပ်ကို..."

"အင်း ...ကိုယ်မင်းကို သိပ်ချစ်တယ်..

တစ်ဖက်သတ်ချစ်ရတာ ဘယ်လောက်ထိ နာကျင်ရတယ်ဆိုတာ မင်းလည်း သိတယ်မလား ၊ ဒါကြောင့် မင်းပြန်မချစ်နိုင်ဘဲနဲ့ ကိုယ့်ကို မကစားပါနဲ့တော့ လွှတ်ပေးပါတော့"

တာကျိုးသွားသည့် မျက်ရည်များက လင်းစစ်၏ ပါးပြင်ပေါ်သို့ တည်တည်ငြိမ်​ငြိမ် စီးဆင်းကျနေသည်။
ထိုမျက်ရည်စီးချောင်းလေးအား နမ်းတော့မည့်အခိုက် ရှောင်လိုက်သည့်ကြောင့် ဘုန်းမြင့်မြတ် အံ့သြနေရသည် ။ တစ်ခါမှ ငြင်းဆန်ခြင်းမရှိခဲ့သူက အခု သူ့ကို ရှောင်လိုက်ပြီတဲ့လား ။

နားခိုခွင့် /နားခိုခြင့္ {Completed }Where stories live. Discover now