Unicode
မေရဲ့ အကြောင်းကလည်း ကောင်းလှသည်တော့မဟုတ် ။
သူမ နိုင်ငံခြားသို့ ပါသွားသည့် အကြောင်း ။စက်ရုံကြီးများတွင် အလုပ်လုပ်ရသည့် အကြောင်း ။
သူမလိုလူများနှင့် အတူထွက်ပြေးရာမှ သက်ဆိုင်ရာနှင့် တွေ့ပြီး တရားမဝင် ဝင်ရောက်မှုကြောင့် အထိန်းသိမ်းခံရသည့် အကြောင်း နှင့် ထွက်လာခါနီး မတော်တဆမှု တစ်ခုကြောင့် ခေတ္တမျှ မှတ်ဉာဏ်ပျောက်ဆုံးခဲ့သည့်အကြောင်း ။"မေလေ မှတ်မိလာတာနဲ့ တန်းပြန်လာခဲ့တာ.... ဒါပေမယ့် မေ အရမ်း.နောက်ကျသွားတယ် မောင်ရယ် ၊ ဖေဖေလည်း.မရှိတော့ဘူး....မေမေကလည်း.ကျန်းမာရေး.သိပ်မကောင်းဘူး၊ မောင်လည်း.ကျောင်းဆက် မတက်ရတော့ဘူး ဟင့်...မောင့်ကို တောင်းပန်ပါတယ် မေစောစော.ပြန်လာခဲ့ရမှာ "
"မောင့်ရဲ့ မေလေး အရမ်း.ပင်ပန်းခဲ့တာနဲ့ ယှဥ်ရင် မောင်ဖြစ်တာက သေးသေးလေးပါ မငိုနဲ့တော့နော်...တိတ်တော့ "
ဘေးနားတွင် ထိုင်ကာ သူမ ဖြစ်ပျက်ခဲ့သမျှကို တရစပ်ပြောရင်း.ငိုနေသည့် မေအား မောင် ခေါင်းလေးကို ဖွဖွလေး.ပွတ်သပ်ပေးလိုက်သည် ။ မောင်ပင်ပန်းတာထပ် စာရင် မေက ပိုပင်ပန်းပါလိမ့်မည်။ ထို့အပြင် အသက်ငယ်ငယ် ကောင်မလေးတစ်ယောက်လေ။
"ဟုတ်တယ်....မောင်က လာမှမခေါ်တာ မေက အဝေးကြီးကို ရောက်သွားတာ "
"....."
အပြစ်ရှိတဲ့ ခံစားချက်က နည်းနည်းလေး လျော့ခဲ့ပေမယ့် မေကြုံတွေ့ခဲ့ရတာကို ကြားရပြန်တော့ လျော့သွားတာက.ပြန်တိုးလာသလိုပါပင် ။
"ကိုကိုနဲ့ ဘယ်လိုများ.လက်ထပ်ဖြစ်သွားတာလဲဟင် "
"ဘဘဆရာဝန်ကြီးက သဘောတူထားခဲ့လို့ပါ "
"ကိုကိုကလည်း.သဘောတူတယ်မလား "
"အစကတော့..."
"မေသိပါတယ် ကိုကိုက အစကတည်းက မောင်နဲ့ လက်ထပ်ချင်နေတာ နေမှာပါ"
"ဟမ်..."
မေပြောတာကို မောင် နားမလည်ပေ ။
အစကတည်းက...အစကတည်းကတဲ့လား...။"ကဲပါ ကိုကို့ကိုပဲ သေချာမေးကြည့်လိုက် ၊ အကုန်လုံးပြောပြဖို့က ကိုကို့အပိုင်း....မေနဲ့ မဆိုင်တော့ဘူး "
YOU ARE READING
နားခိုခွင့် /နားခိုခြင့္ {Completed }
Romanceငယ်ငယ်လေးကတည်းက ပတ်ဝန်းကျင်ကြောင့် စိတ်ထဲမှာ နာကျင်မှုတွေပဲ ပြည့်နေခဲ့တဲ့မောင် ...။ ညီမလေးကို သူ့ကြောင့် ထပ်ဆုံးရှုံးလိုက်ရတဲ့အခါ .... သူနားခိုရမယ့် ရင်ခွင်က နာကျင်မှုတွေကို သက်သာနိုင်ပါ့လား ၊ နွေးထွေးနိုင်ပါ့မလား ။ မောင်ပြုံးပျော်နေနိုင်မှာလား။ လော...