let go let go in the forest
ဖုန်း alarm. သံကြောင့် ကျွန်တော်လဲနိုးလာခဲ့သည် မနက် ၅နာရီ ဒီနေ့စာမေးပွဲဖြေရမဲ့နေ့ဆိုတော့ စောစောထပြီးစာပြန်နွှေးလို့ရအောင် ၅ နာရီ alarm ပေးထားလိုက်သည် မျက်နှာသစ် သွားတိုက်ပြီး ဖြေရမဲ့စာတွေကို စာကြည့်စားပွဲမှာထိုင်ရင်း ပြန်နွှေးနေလိုက်သည် တကယ်တော့စာတွေကရနေပြီးသားပါ တစ်ခါလောက်ပြန်ကြည့်ပြီးတာနဲ့. ဟိုတွေးဒီတွေးလုပ်ရင်းအချိန်ကုန်လိုက်သည် ဒီနေ့ကျောင်းကိုပြန်သွားရမယ် သူငယ်ချင်းတွေနဲ့လဲ ပြန်တွေ့ရမယ် အထူးသဖြင့်တော့ကိုပေါ့ ခေါ်ပြောခွင့်မရှိရင်တောင် ကို့မျက်နှာလေးပြန်မြင်ခွင့်ရမယ်ဆိုတဲ့အသိက ညတောင်အိပ်မပျော်ဘူး ပျော်လွန်းလို့ တကယ်ပါကို့ရဲ့ မျက်နှာလေးကိုကျွန်တော်သိပ်လွမ်းနေခဲ့တာ မမြင်ရတာ နှစ်ပတ်ကျော်ပြီလေ. ၇ နာရီထိုးတော့ အားလုံးပြင်ဆင်ပြီးသည်မို့ မနက်စာစားရန်အောက်ထက်သို့ဆင်းလာလိုက်သည် ကျောင်းက ၈ နာရီလောက်အရောက်သွားရမှာမို့. အောက်ထက်ရောက်တော့ မနက်စာပြင်ပေးနေတဲ့ မေမ့ကို ပါးလေးလှမ်းနမ်းကာ နှုတ်ဆက်လိုက်သည်
jk: morning မေမေ မွ
mrs joen: ommo မေ့မေ့သားလေးက တတ်ကြွနေပါလား ကျောင်းသွားရမယ်ဆိုတော့ပျော်နေတာပေါ့ ဟုတ်လား
jk: 😁 ပျော်တာပေါ့ omma ရဲ့ သားအပြင်မထွက်ကတာ ၂ ပတ်တောင်ကျော်ပြီလေ သူငယ်ချင်တွေနဲ့လဲ မတွေ့ကဘူး ခုမှပြန်တွေ့ကမှာ
mrs joen: ဟုတ်ပါပြီကွယ် အပျော်လွန်ပြီး စာကောသေချာကျက်ထားရဲ့လားသား
jk: ကျက်ထားပါတယ် omma ရဲ့ စာတွေအားလုံး ပိုင်ပြီ
mrs joen: ကယ် လာအာ့ဆိုလဲ မနက်စာလာစားတော့ omma သားကြိုက်တဲ့ ကင်မ်ချီထမင်းကြော်လေးနဲ့. banana milk လေးလုပ်ထားတယ်
jk: omma ကအကောင်းဆုံး မွ
mrs joen: ချွဲစိန်လေး
nj: ငယ် omma ကိုကပ်ချွဲနေတယ်ပေါ့လေ.
omma ကိုဖတ်နမ်းနေတုံး အပေါ်ထက်ကဆင်းလာတဲ့ koko က. လှမ်းမေးတော့
mrs joen:ဟုတ်ပသားရယ် သားရဲ့ညီကလေလိုချင်တာရမှ မအေကို အသည်းသန်ချစ်ပြတာ အလည်လေး
YOU ARE READING
Kim Love Jeon(Completed)
Romanceမတူညီတဲ့အသိုင်းအဝိုင်းနှစ်ခုကြားမှာ ကိုတို့အချစ်တွေက မြေဇာပင်ဖြစ်ပေးရမှာတဲ့လား