ep14

709 75 1
                                    

            ထယ်လဲ ကျောင်းမသွားတော့ဘဲ ဟိုလူချိန်းတဲ့​နေရာကိုသာသွားလိုက်သည် စိတ်ထဲတွင်လဲ ထိုလူကဘာ​ကြောင့်သူနှင့်တွေ့ချင်ကတာလဲ bunny နဲ့ပတ်သတ်ပြီး​တော့လားဒါမှမဟုတ် hyung နဲ့ပတ်သတ်ပြီး​တွေ့ချင်တာလား ​တွေ့ရင်တော့ သိရမှာပါဟိုလူချိန်းတဲ့နေရာက စားသောက်ဆိုင်တစ်ခုဘဲ  ကျွန်တော်ဝင်သွားသည်နှင့် လူတစ်ယောက်ကအနားယောက်လာကာ

boy:   kim taehyung shi. joon သခင်လေးစောင့်နေပါတယ် ကျွန်တော့်နောက်လိုက်ခဲ့ပါ

          လူအများစားသုံးနေတဲ့နေရာမှာမဟုတ်ဘဲ vip room တွေဘက်ကိုဦးတည်ထွက်သွားတဲ့ထိုလူ့နောက်ကို ကျွန်တော်လဲ လိုက်ခဲ့လိုက်သည်

boy : ဒီအခန်းပါ

     အခန်းတံခါးအားဖွင်ပြီးဝင်လိုက်သည်နှင့်  တွေ့လိုက်ရသည်က. ကျွန်တော်အမုန်းဆုံးလူသား ကျွန်တော့် hyung အချစ်ရဆုံးလူ ပြီးတော့ ကလေးရဲ့ အချစ်ရဆုံးမိသားစုဝင် joen namjoon

  nj:  လာပါ ထိုင်ပါအုံး tae yaung shi

tae :  ပြောပါအုံးခင်များဘာလို့ကျွန်တော့်ကိုချိန်းတာလဲ  ခုံမှာဝင်ထိုင်ရင်းတဆက်ထဲ ထိုလူ့ကိုမေးလိုက်သည်

nj :  နောက်ဆုံးတော့ကိုတို့တွေ့ခွင့်ရပြီနော်   လွန်ခဲ့တဲ့လေးနှစ်ထဲကတွေ့ဖြစ်မယ်ထင်ခဲ့တာ

tae:  ခင်များအတိတ်တွေ ပြန်မပြောရင်ကောင်းမယ် ကျွန်တော်ခုလက်ရှိမှာအဲ့အကြောင်းအရာတွေကိုမေ့ထားလို့

nj:   ကိုရီးယားပြန်ရောက်တာကြာပြီလား

tae:   မကြာသေးပါဘူး hyung ရက်လည် မတိုင်ခင်လေး ကပြန်လာတာ

nj : aww ဟုတ်ပါပြီ

tae : ခင်များကျွန်တော့်ကိုချိန်းတာ ဒါမေးဖို့လား

nj :  အေးဆေးပေါ့ ထယ်ယောင်းရာ ကိုတို့ကအခုမှတွေ့ကြတယ်ဆိုပေမဲ့ အရင်ထဲကရင်းနိီုးခဲ့တာဘဲလေ

tae:   ကျွန်တော့်မှာအေးဆေးလုပ်နေမို့ အချိန်မရှိဘူး ပြီးတော့ ခင်များနဲ့ကျွန်တော်လဲ ဘယ်တုံးကမှမရင်းနှီးခဲ့ဘူးထင်တယ်

nj:  ကောင်းပါပြီ မင်းလဲအချိန်မရှိဘူးဆိုတော့ ကိုတို့လိုရင်းဘဲပြောကြတာပေါ့  ငယ်လေးနဲ့ sorry ငယ်ဆိုတာ ကို့ရဲ့ညီ  joen jungkook နဲ့မင်းနဲ့ကြားကပတ်သတ်မှုကို ကိုသိသင့်သလောက်သိထားတယ်  ကိုပြောချင်တာက မင်းကို့ညီ့အနားကို ကို့ကြောင့်ရောက်လာခဲ့တယ်ဆိုရင်တော့ ထွက်သွားပေးပါ ကိုနဲ့ပြသနာကို ကိုနဲ့ဘဲရှင်းရအောင် ကို့ညီကို ကိုတို့ပြသနာထဲစွဲမထည့်ပါနဲ့

Kim Love Jeon(Completed)Where stories live. Discover now