Happy Valentine's Day

Start from the beginning
                                    

ဘာမှမသိချင်ဘူးဆိုပီး သူပဲလိုက်မေးနေတာမှတ်လား
ကျတော့်ရဲ့Bossကတကယ် လူ့ဂွစာ...

****
လက်ထဲက ပန်းစည်းနဲ့ချောကလတ်တွေကို ဟန်နရီအပေါ်ကိုပြန်ယူသွားလိုက်ပီး အခန်းတံခါးကိုဆွဲဖွင့်လိုက်သည် အိပ်ယာနိုးခါစ လွန်းကတော့ ကုတင်ပေါ်မှာပဲ အပျင်းကြောဆွဲကာ ဟန်နရီကိုလှမ်းကြည့်နေလိုက်သည်

" လက်ထဲက ဘာတွေလဲ "

" အမှိုက်တွေ "

" အာ ဘာအမှိုက်တွေလဲ လှလိုက်တာ ချောကလတ်လေးတွေရောပဲ "

ဟန်နရီလက်ထဲက ပန်းစည်းနဲ့ချောကလတ်တွေကိုဆွဲယူလိုက်ပီး သေသေချာချာအလှဆင်ထားတဲ့ပန်းစည်းလေးကို လွန်းတယောက် တော်တော်သဘောကျနေပုံပါပဲ ဟန်နရီမျက်နှာကတော့ ဒေါသတွေကို တော်တော်ထိန်းချုပ်ထားရတဲ့ပုံ....

" အချစ်လိုချင်ရင် ကိုအဲ့ထက်ကောင်းတာတွေ ၀ယ်ပေးမယ် အဲ့တာတွေအခုပြန်ပေး "

" ခင်ဗျားက ဘာလုပ်မလို့လဲ "

" လွှတ်ပစ်မလို့ "

" အဲ့တာဆိုရင်တော့ မပေးနိုင်ပါဘူး နှမြောစရာကြီး ဒီလောက်လှတာကို "

" အဲ့တာဘယ်သူပို့တယ်ဆိုတာကော သိရဲ့လား? "

" ဘယ်သူပို့တာလဲ "

" ကိုလဲမသိလို့ မေးနေတာလေ "

" ကျတော်ကော ဘယ်လိုလုပ်သိမှာလဲ ဒီမှာနာမည်မှမပါတာ "

" ကျစ်!! ကိုမကြိုက်ဘူးကွာ ကို့ထက်ကျောပီး အခုလိုပုံစံလာချိုးတာမကြိုက်ဘူး ဒါကို့ကို တမင်သပ်သပ်စိတ်အနှောင့်အယှက်လာပေးနေတာ "

" ကိုကိုကလဲ...ဘာမှမဟုတ်တာလေးကို ဘာလို့စိတ်ညစ်ခံနေရတာလဲ ဘယ်သူပဲပို့ပို့ ကျတော့်စိတ်ထဲ ခင်ဗျားပဲရှိတာပါ "

ဘာမှတော့ပြန်မပြောပေမဲ့ လူဆိုးကောင်လေးက သိပ်မကျေနပ်သေးတဲ့ပုံပါပဲ မျက်နှာလေးတင်းကာ လွန်းကိုနောက်ကျောပေးထိုင်လိုက်သည်

" အဲ့တာက ဘာဖြစ်သွားတာလဲ "

" .... "

" ကျတော့်ကို စိတ်ကောက်သွားတာလား "

" ..... "

ဒီလူက ကျတော့်ထက်အသက်သာကြီးတာ တခါတလေကလေးတယောက်လို ဘာမဟုတ်တာလေးနဲ့စိတ်က ကောက်တတ်သေးတယ်
အခုလဲ ကောက်စိန်က ကောက်သွားပြန်ပီမှတ်လား...

HANARY(S1+S2) Where stories live. Discover now