E I G H T E E N

414 45 0
                                    

Zawgyi
..............

ကားမောင်းနေတဲ့ Chanyeol က ဘေးက Baekhyun ကိုအရိပ်တကြည့်ကြည့် ။ Baekhyun ကတော့ ရုပ်တည်နဲ့ အပြင်ကိုသာငေးကြည့်နေသည်။

'' Baby မှတ်မိလား ''

Chanyeol ပြောလိုက်တော့ Baekhyun က သူ့ဘက်လှည့်လာသည်။

'' Baby ကိုဒီလို bus ကားဂိတ်မှာပဲ မောင်တခါလာခေါ်ဖူးတယ် အဲ့တုန်းကတော့ ဆိုင်ကယ်နဲ့ပေါ့ Baby မှတ်မိလားဟင် ''

ထိုအခါမှ ဟာအင်းနဲ့တွေ့ခဲ့တဲ့ ညနေခင်း တစ်ခုကို Baekhyun ပြန်အမှတ်ရလာသည်။ မောင့်ကို ယုံချင်တဲ့စိတ်နဲ့ ကိုယ့်ကိုကိုယ် မသိရကောင်းလားဆိုပြီးခံပြင်းစိတ်တို့ ဒွန်တွဲနေခဲ့တဲ့ အချိန်ပေါ့။
ဟာအင်းကတော့ ထိုကထဲကပျောက်သွားကာ အခုထိအဆက်သွယ်မရတော့ပါ။

'' ငါမမှတ်မိဘူး ''

Baekhyun မသိချင်ယောင်ဆောင်ပြောလိုက်တော့ Chanyeol မျက်နှာက အနည်းငယ်ပျက်ယွင်းသွားသည်၊
ပြီးမှ

'' အဲ့ဒါဆို မောင်တို့အဲ့နေ့မှာ ပင်လယ်သွားကြတာရော မှတ်မိလား Baby အဲ့နေ့မှာ မောင့်ကိုချစ်တယ်ဆိုပြီးပြောခဲ့တာလေ ''

''.....''

'' Baby ''

'' ကျစ် ငါဘာမှမမှတ်မိဘူး ဘာမှလည်းမစဉ်းစားချင်ဘူး ကျေးဇူးပြုပြီး မင်းနဲ့ငါနဲ့ကြားမှာ ဘာမှမဖြစ်ခဲ့သလို လာလာပြီးမပက်သက်ပါနဲ့လား Park Chanyeol မင်းထားခဲ့တာ ခုနှစ်ရက် ခုနှစ်လမဟုတ်ဘူး ခုနှစ်နှစ်ကွ မင်းသိလား ငါ့နေရာကိုလည်းဝင်ကြည့်ဦး ''

Chanyeol ဘာမှမပြောနိုင်ပဲ ငြိမ်နေလိုက်သည်။ Baby ပြောတာမှန်တာပဲ။ Baby အနေနဲ့ လက်ခံဖို့ကခဲယဉ်းပေမည်။

'' ဟိုရှေ့က Bus ကားမှတ်တိုင်မှာ ငါ့ကိုချပေး ''

ဒီတစ်ခါတော့ Chanyeol ဘာမှမပြောပဲ Baekhyun အလိုဆန္ဒအတိုင်း လိုက်လျောပေးလိုက်သည်။ Baekhyun အတွက် အချိန်လိုမည်ကို သူနားလည်ပါသည်။

- ဒုန်း

ကားတံခါးကို ဆောင့်ပိတ်သွားကာ ကားမှတ်တိုင်က ခုံမှာသွားထိုင်နေတဲ့ Baekhyun ကိုကြည့်ပြီး Chanyeol ပြုံးလိုက်မိသည်။

- ring ring

Chanyeol ဖုန်းကိုင်လိုက်တာနဲ့ တဖက်က အလောတကြီးအသံကိုကြားလိုက်ရသည်။

P A P E R C U T S Where stories live. Discover now