အခြေအမြစ်မရှိတဲ့စကားတွေကို အမြန်လေးပြင်ဆင်လိုက်တယ်၊

'' အဲ့တာဘာကိုဆိုလိုတာလဲ ''

ဒါပေမဲ့ Derrickကခြေတစ်လှမ်းသာနေခဲ့တယ်၊သူ့ရဲ့မျက်လုံးတွေက မှုန်ကုတ်ပြီးသားဖြစ်နေခဲ့တယ်၊

အိမ်ရှေ့စံက အဲ့အကြည့်ကိုဂရုမစိုက်သလိုနဲ့ ပုခုံးတွန့်လိုက်တယ်၊

'' မင်းမမှတ်မိဘူးလား၊ကိုယ်တော်ကတော့
ဝက်ပါဥယျာဥ်ထဲမှာ မင်းသမီးကိုယ်တော့်ကို ဘာတွေတီးတိုးပြောခဲ့သလဲဆိုတာကို ကိုယ်တော်ရှင်းရှင်းလင်းလင်းမှတ်မိနေတုန်းပဲ...  ''

'' အရှင့်...အရှင့်သား... ''

ငါမသိတော့ဘူး ဒါပေမဲ့ အိမ်ရှေ့စံကိုအော်သံတစ်ခုနဲ့ဟန့်တားလိုက်တယ်၊

Dukeနဲ့အကိုနှစ်ယောက်လုံးက ငါကဝက်ပါဥယျာဥ်ထဲမှာသောက်ရူးမင်းသား ခေါင်းဖြတ်တာကို အကြောင်းရင်းမရှိပဲခံလိုက်ရတယ်လို့ ထင်ခဲ့ကြတယ်၊ဘာကြောင့်ဆို ငါအဲ့လိုအဓိပ္ပါယ်မရှိတဲ့အရာတွေကိုပြောလိမိ့မယ်လို့ သူတို့မထင်ထားကြလို့လေ

' အာရီဂူး..ဒီခွေး*သားကတော့... ငါသူ့ကိုလူမရှိတဲ့နေရာကိုအ​မြန်ဆွဲခေါ်သွားပြီး ဒူးလေးနဲ့သာပစ်လိုက်ချင်တော့တယ် '

ငါတိုတိုနဲ့လိုရင်းကိုသာပြောဖို့ ဆုံးဖြတ်လိုက်တယ်၊

'' ခုနတုန်းက ကျမခဏလောက်စကားပြောချော်သွားခဲ့တယ်၊ကျမအရှင့်သားနဲ့ပြောစရာရှိတယ် အဲ့တာကြောင့် ခဏလောက်သွားပြီးစကားပြောရအောင်... ''

ငါအဓိပ္ပါယ်မရှိတဲ့မှတ်ချက်တွေကြောင့် ဆက်ပြီးရပ်မနေနိုင်တော့ဘူး၊ပြီးတော့ ငါသူ့ကိုဆွဲခေါ်သွားပြီး Derrickရှေ့ကနေထွက်သွားလိုက်တယ်၊

ကွင်န်န်န်နန်~~~~~~

'' အားးးးးးးးးးးးအားးးးးးးး ''

ကျယ်လောင်တဲ့အော်ဟစ်ပေါက်ကွဲသံနဲ့အတူ ကြောက်မက်ဖွယ်အသံကြီးကပါ မြည်ဟည်းလာခဲ့တယ်၊

ငါအပါအဝင် လူတိုင်းရဲ့မျက်လုံးတွေက အသံလာရာဆီလှည့်ကြည့်လိုက်တယ်၊

'' ဘာ..ဘာကြီးလဲ အဲ့တာက... ''

ကြီးမားတဲ့ ပူဖေါင်းကြီးတစ်လုံးက ကပွဲခမ်းမရဲ့ထောင့်တစ်နေရာမှာ တော်တော်မြင့်​မြင့်ကနေပေါက်ကွဲသွားခဲ့တယ်၊

DITOEFVWhere stories live. Discover now