Title-23

2K 283 9
                                    

10.7.1970
      မိန်းကလေးjaneနဲ့တွေ့ခွင့်လည်းမရသလိုliသွားရင်လည်းမတွေ့ချင်ဘူးသာပြောနေသည် liလည်းနေ့တိုင်းနှင်းဆီပန်းစည်းကိုခြံရှေ့မှာသွားထားခဲ့တယ်..ဒါပေမယ့်မိန်းကလေးjaneဟာliကိုထွက်လာပြီးတောင်မတွေ့တော့ပါ
li-" chae yaa...ငါရူးသွားပြီထင်ပါရဲ့ မိန်းကလေးjaneကငါ့လုပ်ရက်တွေကြောင့်ငါ့ကိုမုန်းသွားလောက်ပြီ "
Chae-" lisaရယ်ပန်းခင်းထဲမှာလှဲမနေပါနဲ့အေးတယ်လာနော်အိမ်ထဲသွားမယ်နင်မူးနေပြီ "
Li-" အဟင့်...အဟင့်...ငါ့အချစ်ကဘာများမှားနေလို့လည်း ငါကဒီတိုင်းချစ်တာပါ...ဘာလို့မဖြစ်နိုင်ရတာလည်းအဟင့်....အဟင့်...."
chae-" ငါတို့အိမ်ထဲမှာသွားပြောကြမယ်နော်လာlili ထ"; 
     liကိုမနည်းဆွဲခေါ်လာရတယ်အိမ်ထဲရောက်တော့လည်း ငိုနေပြန်သည် liဟာနမ်းတောင်နမ်းခဲ့သည်ဆိုတော့ဟိုဘက်ကတော်တော်ဒေါသထွက်နေပေလိမ့်မည့်ဒါပေမယ့်အဲ့ညနေကပြန်လာတော့liပါးမှာပေါ်နေတဲ့လက်ဝါးရာကတော့chaeကိုဒေါသထွက်စေတယ် chaeနမ်းနေရတဲ့ပါးလေး....liliကိုကြည့်ကာသနားလည်းသနားမိသည် မနက်တိုင်းအစောကြီးထပြီးနှင်းဆီပန်းစည်းပြင်ကာထိုမိန်းကလေးအိမ်ကိုသွားပို့လေ့ရှိသည်ပြန်လာတိုင်းလည်းမျက်နှာလေးကိုငယ်လို့ အခုလည်းငိုရတာမောလို့အိပ်ပျော်သွားပြီ liကိုအခုလိုအ‌ခြေအနေမဖြစ်စေချင်ပါဒါပေမယ့်လည်းchaeမတားရက်ဘူး liဆန္ဒတွေကိုဖြစ်မြောက်စေချင်တယ်...။
11.7.1970
chae"- စက်ဘီးသေချာမောင်းနော်lili chaeစောင့်နေမယ်..."
Li-" အင်းliliပြန်လာခဲ့မယ်နော်..."
      liလည်းမြို့စားမင်းအိမ်ကိုလာခဲ့ကာ ပန်းစည်းကိုခြံဝမှာထားနေတုန်း မိန်းကလေးjaneနဲ့ဟိုလူကိုထပ်တွေ့ရသည်....ပျော်နေတာဘဲ...liနှလုံးသားတစ်ခုလုံးနာကျင်လာရသည်မို့ လှည့်ပြန်ခဲ့လိုင်သည် တကယ်ပင်liတို့ကရှေ့ဆက်လို့မရနိုင်တော့ဘူးလား...တကယ်ဝေးကွာသွားကြတာလား...။
Two month later
6.9.1970
    chaeဒီတလောliကိုကြည့်ကာပိုသနားသည် နေပူပူနှင်းကျကျမနက်တိုင်း‌စောစောထကာRuby janeဆီပန်းသွားပို့သည် ဒါပေမယ့်ဟိုကသူ့ကိုထွက်တောင်မတွေ့ပါ ဒါပေမယ့်ဒီနေ့တော့chaeတားမိသည် မိုးတွေအရမ်းရွာနေသည် liသွားလို့မဖြစ်ပါ။
chae-" liကျေးဇူးပြုပြီးမသွားပါနဲ့.."
Li-" ရပါတယ်chae‌ရယ် ငါသူ့ကိုမြင်ချင်ရုံပါငါသူ့ကိုမတွေ့ရတာတော်တော်ကြာနေပြီ "
Chae-" ဒါပေမယ့်လည်း..."
Li-" တာ့တာ..chaeငါပြန်လာရင်နင့်အတွက်မုန့်ဝယ်ခဲ့မယ် "
Chae-" ရတယ် ပန်းပို့ပြီးတာနဲ့ပြန်ခဲ့တော့မိုးအရမ်းများတယ်"
     စကားတောင်မဆုံးသေးliliကထွက်သွားသည်...။
    liမိုးရွာနေလည်းပန်းသွားပို့သည် အိမ်ရှေ့ရောက်တော့ပန်းစည်းကိုသေချာခြည်ကာနေရာကျအောင်လုပ်နေသည်...ခနနေတော့မိန်းကလေးjaneထွက်လာသည်နောက်ဆုံးတော့သူထွက်လာပြီliဒီတလောအရမ်းလွမ်းနေရတာ
Jane-" ဒါဘာလာလုပ်တာလည်းပြန်ပါတော့.. "
Li-" သတိရနေခဲ့တာမိန်းကလေးjane.."
Jane-" ကျေးဇူးပြုပြီးlisa မင်းလုပ်ရက်တွေကိုရပ်လိုက်ပါတော့ မင်းလုပ်ရက်တွေကတို့ကိုအနှောက်အယှက်ဖြစ်စေတယ် မင်းမပြောမဆိုဘဲတို့ရဲ့အနမ်းကိုယူသွားတယ်...တို့က‌စေ့စပ်ရတော့မှာlisa ကျေးဇူးပြုပြီးအခုလိုထပ်မပို့ပါနဲ့တော့..ဆင်ခြင်ပေးပါlisa..."
    .liမျက်ရည်တွေကျလာသည် liအပြုအမူတွေကသူမလေးကိုဒီလောက်ထိအနှောက်အယှက်ဖြစ်စေဖို့တကယ်မရည်ရွယ်ခဲ့ပါဘူး...။
li-" တောင်းပန်ပါတယ် liအပြုအမူတွေအတွက် မိန်းကလေးjaneကိုတကယ်ကြီးချစ်မိသွားခဲ့လို့ အနမ်းအတွက်လည်းliကတောင်းပန်ပါတယ်နောက်ဆိုဆင်ခြင်ပါ့မယ် " 
      liလည်းအဲ့နေရာကနေလှည့်ပြန်လာခဲ့လိုက်တယ် နဂိုထဲကမဖြစ်နိုင်ဘူးဆိုတာသိခဲ့ပြီးသားမဟုတ်လားမဖြစ်နိုင်ဘူးဆိုတဲ့အသိစိတ်ကိုliစိတ်ထဲသွင်းထားရမယ်..။
At Home
Chae-" ပြန်လာပြီလားlili...လာအဝတ်အစားလဲရအောင်..."
li-" chae...ငါခေါက်ဆွဲစားချင်တယ်.."
Chae-" ငါလုပ်ပေးမယ်...အဝတ်အစားလဲထားနော်ပြီးရင်ထွက်ခဲ့..."
li-" အင်းchae....."
     liလည်းအကျီလဲကာအပြင်ထွက်သွားတော့chaeကခေါက်ဆွဲပြင်ပေးနေတယ် liကတော့သတင်းစာဖတ်ကာ
Li-" ....နှင်း..."
chae-" ရပါပြီရှင့်ဘာတွေဖတ်နေတာလည်း "
Li-" chaeငါတို့ခရီးထွက်ကြမလား "
Chae-" ဗြုန်းစားကြီးလား "
Li-" အင်း switzerlandကိုသွားကြမလားအဲ့မှာနှင်းတွေရှိတယ်နောက်ပြီးဥရောပတိုက်ရောဘဲ...ငါတို့ခရီးထွက်ကြမလား "
Chae-" ကောင်းသားဘဲ ငါတို့ပြင်ဆင်ပြီးစထွက်ကြတာပေါ့ အရင်ဆုံးဘယ်နိုင်ငံသွာကြမလည်း "
    liဟာခေါက်ဆွဲစားရင်း‌
li-" ဂျပန်ကနေစသွားကြတာပေါ့အဲ့ကနေတဆင့်ထပ်သွားကြမယ်လေဘယ်လိုလည်း "
chae-" ကောင်းသားဘဲ ဒါဆိုအထုတ်တွေပြင်ကြတာပေါ့.."
Li-" ကောင်းပြီလေ..."
      ဝေးသွားကြတဲ့အခါliတို့တစ်ယောက်နဲ့တစ်ယောက်မေ့ပစ်နိုင်သူကမေ့ပစ်ပြီးမမေ့ပစ်နိုင်သူကတော့အမှတ်တရအဖြစ်သိမ်းထားကြတာပေါ့နောက်ထပ်မတွေ့ကြရအောင်လေဒီဘဝမှာချစ်ခဲ့ဖူးတယ် လုံလောက်တဲ့အချိန်တစ်ခုနဲ့တွေ့ဆုံခဲ့ဖူးတယ်ဆိုရင်ဘဲရပါပြီမဖြစ်နိုင်မယ့်အရာတွေကိုရှေ့ဆက်မျှော်လင့်လို့လည်းမရသလို ရှေ့ဆက်လည်းတိုးခွင့်မရှိပါဘူး ကံမကုန်လို့ပြန်ဆုံကြရင်တောင်မသိချင်ယောင်ဆောင်မျက်နှာလွှဲခြင်းကသာအကောင်းဆုံးဖြစ်မှာပါ တစ်ချိန်ကအတူရှိခဲ့ဖူးတဲ့အမှတ်တရတွေကလည်းပျော်စရာအဖြစ်ရှိနေမှာပါဘဲ စာအုပ်တွေဖတ်တိုင်းပျော်စရာဇာတ်သိမ်းတွေကိုမကြိုက်တဲ့liအတွက်တော့ liနှလုံးသားဟာပျော်ရွင်စရာဇာတ်သိမ်းမဟုတ်တဲ့အတွက်သိပ်တော့ထူးဆန်းမနေခဲ့ပါဘူး...ဇာတ်လမ်းစကတည်းကအဆုံးသတ်ကိုကြိုသိနေခဲ့ပြီးသားဘဲ ဒါပေမယ့်မမျှော်လင့်ခဲ့တဲ့အရာတွေလည်းရှိခဲ့ပါတယ် ပုံပြင်လေးထဲမှာလည်းမင်းသားလေးနဲ့မင်းသမီးဟာပေါင်းဖက်သလိုအပြင်ဘက်မှာလည်းအဲ့လိုပါဘဲ သဘာဝတရားကြီးကလည်းအဲ့လိုဘဲဖန်ဆင်းပေးခဲ့တာကို...ဒါသူ့အပစ်လည်းမဟုတ်ခဲ့ပါဘူးလေ...။
#Title-23(end)
#မနက်ဖြန်Ficအသစ်upပါမည်။

A heart of the 1970s..Where stories live. Discover now