Title-1

4.9K 400 16
                                    

     1970ခုနှစ်မှာနေထိုင်ပြီးအလုပ်ကြိုးစားတဲ့အသက်23နှစ်အရွယ်Lalisaဆိုတဲ့မိန်းမငယ်လေးတစ်ဦး....
15.1.1970
limero-" lisa ဒီနေ့ပန်းပို့ရမှာတွေများတယ်စောစောထွက်နော် "
Li-" ဟုတ်ကဲ့Omma..."
   liလည်းဆောင်းနေကြ simple Bakerboy hat အညိုရောင်လေးကိုဆောင်းလိုက်ပြီး အိမ်ထဲကနေထွက်လာလိုက်ကာ အိမ်ရှေ့မှာရှိတဲ့liတို့ရဲ့ပန်းဆိုင်ထဲဝင်ခဲ့လိုက်ကာ.counterပေါ်မှာတင်ထားတဲ့ပို့ရမယ့်နေရာ၊ပန်းစည်းအရေအတွက်ကိုကြည့်ကာ ပန်းစည်းတွေကိုစစ်နေလိုက်တယ်.....။
ချွလင်...ချွလွင်....
lisa-" ကြိုဆိုပါတယ်ရှင့်..."
Man-" Daisy ပန်းပင်အိုးတွေလိုချင်လို့ပါ.."
Lisa-" nae ဘယ်နှစ်အိုးလိုချင်လည်းဆိုတာအတိအကျလေးတစ်စိတ်လောက်ပြောပေးပါရှင် "
Man-" 25အိုးပါ..."
Lisa-" 25အိုး...nae...မနက်ဖြန်ကျရင်ပို့ပေးပါမယ်နော်..နာမည်နဲ့လိပ်စာလေးရေးပေးခဲ့ပါ.."
ထိုလူကစာရွက်ပေါ်မှာနာမည်နဲ့လိပ်စာရေးပေးပြီး
Man-" ဘယ်လောက်ကျသင့်ပါလည်း"
Li-" ဝမ်......ပါ.."
man-" naeဒီမှာပါ...မနက်ဖြန်မနက်စောစောလေးပို့ပေးဖို့တောင်းဆိုချင်ပါတယ်"
Li-" nae ....စောစောပိို့ပေးပါ့မယ် "
Man-" nae ဒါဆိုခွင့်ပြုပါအုံး.."
Li-" nae ..နောက်လည်းထပ်လာပါအုံး..."
. ထိုလူထွက်သွားတော့
limero-"lisa ပန်းသွားပို့တော့လေ.."
Li-" ဟုတ်ကဲ့အမေ မနက်ဖြန်အတွက်Daisyပန်းအိုး25အိုးပြင်ပေးထားအုံးနော် Omma liစိုက်ထားတာတွေရှိတယ် အနောက်ဖက်မှာ..."
Limero-" အင်းသေချာစက်ဘီးစီးသွားနော်..."
Li-" nae ...omma..."
liလည်းပန်းတွေကိုစက်ဘီးအရှေ့ခြင်းနဲ့အနောက်ခုံကတပ်ထားတဲ့ခြင်းထဲထည့်ကာ ပန်းပိို့ရမယ့်နေရာတွေစီထွက်ခဲ့လိုက်တယ်...liဘဝကနေတိုင်းအေးအေးဆေးဆေးဖြတ်သန်းနေတာပါဘဲ မနက်မိုးလင်းတိုင်းပန်းလိုက်ပို့ပေးပြီး ညနေကျရင်ပန်းပင်တွေပျိုးလေ့ရှိတယ် liတို့ပိုင်တာဆိုလို့ပန်းပင်တွေစိုက်ပျိုးထားတဲ့ခြံဝန်းကျယ်ကြီးရယ်၊ဆိုင်လေးရယ်၊အိမ်လေးရယ်ဘဲရှိတယ် အရမ်းချမ်းသာတဲ့မိသားစုတစ်ခုမဟုတ်သလို၊အဆင်မပြေတဲ့မိသားစုလည်းမဟုတ်အနေအတင့်ပါဘဲ ခြံဝန်းထဲမှာပန်းပင်တွေစိုက်ရင်းရှင်သန်နေထိုင်နိုင်ပါတယ် li appaကတော့liမူလတန်းကတည်းနှလုံးရောဂါအခံနဲ့ဆုံးပါးသွားခဲ့တယ် Ommaကဘဲliကိုပျိုးထောင်ခဲ့ရတာ....liကတော့Ommaနဲ့သာအတူရှိပြီးပျော်ဖို့ကောင်းတဲ့liဘဝလေးကိုဖြတ်သန်းတယ်...။
...မြို့ထဲအနှံ့ပန်းပင်နဲ့ပန်းစည်းတွေလိုက်ပို့ပြီးလို့အချိန်ကိုကြည့်မိတော့နေ့လည်2နာရီပင်ရှိနေပြီ...စက်ဘီးကိုအိမ်ဘက်ကွေ့ကာမြို့ထဲကိုဝင်လာခဲ့လိုက်တယ် ဒီနေ့ကသောကြာနေဖြစ်တာမို့ liစာအုပ်ဝယ်နေကြစာအုပ်ဆိုင်ကိုသွားလိုက်တယ်...။
      ဆိုင်ရှေ့ရောက်တော့စက်ဘီးကိုရပ်လိုက်ကာ...ကိုယ့်အဝတ်အစားကိုပြန်ပြင်ဆင်လိုက်တယ် သေချာကြည့်ရင်liပုံစံဟာစာတိုက်သမားနဲ့ပင်တူသည် အညို‌ရောင်jeanဒဲ့ပွကိုအပေါ်ကခဲရောင်အကျီအမှိုင်းနဲ့တွဲဝတ်ဆင်ထားကာ အေးနေတာမို့အပေါ်ကနေommaထိုးပေးထားတဲ့သိုးမွှေးsweater အစိမ်းရင့်လေးကိုတွဲဖက်ဝတ်ဆင်ထားတယ်....။
      liလည်းစာအုပ်တိုက်ထဲကိုဝင်ခဲ့လိုက်တော့
Man-" လာပြီလား ဒီအပတ်နောက်ကျတယ်နော်..."
Li-" ပို့ရမယ့်နေရာတွေများလို့ပါဦးလေး "
Man-" တတိယတန်းကအထပ်တွေမှာစာအုပ်အသစ်တွေရောက်တယ် li‌လေးလိုချင်တာရှိမလားသွားရှာကြည့်လေ "
Li-" ဟုတ်ကျေးဇူးပါ ဦးလေး "
    liလည်းတတိယတန်းကိုထွက်လာပြီးစာအုပ်တွေကိုကြည့်နေမိတယ် နောက်ဆုံးတော့liတွေ့ပြီ စာအုပ်တစ်အုပ်ကိုလှမ်းကိုင်လိုက်တဲ့အခိုက်မှာ ထိမိသွားတဲ့လက်နှစ်စုံ....liလှည့်ကြည့်မိတော့liထက်ခေါင်းတစ်လုံးလောက်ပုသည့်မိန်းကလေးပင် ဂါဝန်ဒူးဖုံးကိုဝတ်ထားကာဆံနွယ်တွေကို ရစ်နွယ်ထုံးထားပြီးအနီရောင်နှုတ်ခမ်းနီအားပါးလှပ်လှပ်နှုတ်ခမ်းပေါ်မှာအရောင်တင်ထားသည်မှာတကယ်လှပသည်.....မျက်ခွံထက်ကမှဲ့လေးဟာအပိုဆုတစ်ခုလိုပင်....။
Girl-" အဟန့်....ရှင်ဒီစာအုပ်ကိုယူမလို့လား "
Li-" အာ....ဟုတ်ပါတယ်..."
Girl-" ဒါဆိုလည်းရှင်ဘဲယူလိုက်ပါသူကတစ်အုပ်ဘဲရှိတော့တာ "
      လှည့်ထွက်သွားဖို့ပြင်နေတဲ့မိန်းကလေးအား
li-" ခနလောက်ပါ မိန်းကလေး "
Girl-" ဘာကိစ္စပါလည်း "
      မာထန်တဲ့အသံနဲ့မိန်းကလေးဟာကြည့်တာနဲ့အသိုင်းအဝိုင်းကြီးထဲကမှန်းသိသာပါတယ်...liလည်းသူအနားသွားကာ..။
Li-" liမှာစာအုပ်တွေရှိပါသေးတယ် ဒါကတစ်အုပ်ထဲရှိတော့တာဆိုတော့ မိန်းကလေးဘဲယူသွားလိုက်ပါ "
Girl-" အဲ့လိုလား ဒါဆိုရင်တော့ကျေးဇူးပါ ဘယ်လောက်လိုချင်လည်း"
     အိတ်ထဲကနေပိုက်ဆံထုတ်ဖို့ပြင်နေတဲ့မိန်းကလေးကိုကြည့်ကာပြုံးလိုက်မိတယ်တခြားသူဆိုliဒေါသထွက်မိမှာအမှန်ပါဘဲ liဟာမာနကြီးတဲ့သူတွေသဘောမကျပါဘူး...။
li-" ပေးစရာမလိုပါဘူး liကငွေလဲမလိုချင်ပါဘူး မိန်းက​​လေးကိုပေးချင်လို့ပါ ဒါဆိုခွင့်ပြုပါအုံးနော် "
       liလည်းအဲ့မိန်းကလေးကိုပြောကာပြန်လာခဲ့လိုက်တယ် အိမ်ရောက်တော့ommaကိုပိုက်ဆံတွေအပ်ကာစိုက်ခင်းထဲလာခဲ့လိုက်တယ်....ပန်းပင်တွေလုပ်နေတဲ့အထိ မျက်လုံးထဲမှာစောနကစာကြည့်တိုက်မှာတွေ့ခဲ့တဲ့မိန်းကလေးကိုသာမြင်နေမိတယ် အပေါင်းအသင်းဆိုလို့Chaeကလွဲပြီးလည်းမရှိသလို ကျန်တဲ့သူတွေနဲဆိုliဟာစကားပြောဖို့နေနေသာသာမျက်နှာတောင်သေချာမကြည့်အခုကျမှ liဟာဘာတွေဖြစ်နေမှန်းတောင်မသိအောင်ပျော်နေခဲ့တာပင် မောက်မာတဲ့လူတွေကိုသဘောမကျတဲ့liကထိုမိန်းကလေးအားပြုံး​ပြီးသာကြည့်နေခဲ့တယ်ဆိုတာ ကိုယ့်ကိုကိုယ်ပင်အံ့သြနေခဲ့တယ် အခုလောလောဆယ်မှာတော့liစိတ်ဟာအရင်နှင့်မတူဘဲ အတော်လေးထူးဆန်းကာပျော်နေခဲ့တယ် ရင်ထဲမှာလိပ်ပြာတွေဖြတ်သန်းသွားသလိုကြည်နူးနေမိတယ်...liရူးနေပြီထင်ပါရဲ့....။
#Title-1(end)

A heart of the 1970s..Where stories live. Discover now