'' အင်းလေ မနက်ဖြန်နောက်ဆုံးနေ့ ထင်တယ် ''

'' အဲ့တာ ငါတို့ သွားကြရအောင် မင်းလိုက်ခဲ့ မင်းအိမ်ကို ထုံးစံအတိုင်း OT လို့ပြောပေါ့ကွာ ''

အဲ့လိုပါပဲ သူသွားစရာရှိလျှင် မရရအောင်ခေါ်ပြီး လိမ်ဆင်တွေပါ ထုတ်ပေး တတ်သေးသည်။

'' ငါတစ်ချက်စောင့်ကြည့်လိုက်ဦးမယ် မနက်ဖြန်ကျ အကြောင်းပြန်မယ်လေ ''

'' အိုကေလေ ငြင်းရဲ ငြင်းကြည့်လေ နောက်လ ကျရင် ငါလည်း မလိုက်ပေးပဲ နေယုံပဲ ဟားဟားး ''

လူယုတ်မာ ရီသံဖြင့် ခြိမ်းခြောက်နေသော လဒကောင်!

'' အေးပါကွာ ငါလူးကျနေတာပဲ ဒါပဲ ဒါပဲ...''

Customer က ရစ်နေတာက တစ်မျိူး သူကတစ်မျိူးဖြင့် အတော်လေး ကို စိတ်ရှုပ်ရပါသော ပဲ။
စိတ်ရှည်တတ်တဲ့ ပုံစံ မဟုတ်ပေမယ့် ကိုယ် တာဝန်ယူရသည့်အပိုင်းက Customer Service ပိုင်းဖြစ်နေတော့လည်း ကြုံလာသမျှလူတိုင်းနှင့် အပေါက်အလမ်းတည့်အောင် ပြောဆိုဆက်ဆံ နေရတာက အကျင့်လိုတောင်ဖြစ်နေခဲ့ ပြီ ထင်ပါရဲ့။
ဒီ call center မှာ အလုပ်လုပ်ခဲ့တာ ကျောင်းပြီးကတည်းကပင်ဖြစ်သည်။ ပညာရေးကို သိပ်စိတ်မဝင်စား။ထို့ကြောင့် Day လည်း မတတ်ချင်တော့ပဲ အဝေးသင်သာလျှောက်ခဲ့တာဖြစ်သည်။

...................

Party's Night

သိပ်ကိုလည်သော ခါးပိုက်နှိုက်လေးတွေက လစာထုတ်ပြီးခါစ တိမ်တိုက်၏ အိတ်ကိုမှ ရွေးနှိုက်သွားကြသောအခါ...

"ကျစ် မငိုနဲ့လေကွာ...မင်းဘယ်လောက်ပါသွားလို့လဲ ''

'' ဪ အေး ဟိုနေ့ကမှ လစာထုတ်ထားတာလေ ကွာ အကုန်ပါသွားတာပေါ့ အီးးးးငါဒီလ ဘာနဲ့ သုံးရမှာလဲ ဗြဲ.... ''

အမလေးလေး တိမ်တိုက်ကြိုး တို့ကတော့ လူလည်ခေါင်ကြီးလည်း အသဲပြဲကြီးနဲ့ အော်ငိုနေတယ် လုပ်ကြပါဦးဟ!

တစ်လလုံး မုန့်မစားရတော့ဘူး အသိက လူကိုပိုဝမ်းနည်းစေတယ်လေ ကျန်တာမသုံးရနေနိုင်ပေမယ့် တိမ်တိုက်ကြိုး တို့ ဘဝမှာ မုန့်မစားရပဲ နေနိုင်လိမ့်မည်မဟုတ်။

မုန့်သည်သာ တိမ်တိုက့်အသက်ရှည်ဆေး ။

* အံ့ဩဘ ။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now