စကားဆုံးသည်နှင့် အခန်းမှာတိတ်ဆိတ်သွားပြီး နောက်မှာတော့ ကြီးမားတဲ့ရယ်မောလာမှုကြီးက ကျိူးပေါက်လာခဲ့​၏။

ချင်ဝေ့ဟော်က တံခါးကို မှီရင်း အေးအေးပင် နားထောင်နေခဲ့သည်။ မူတန်က အိမ်မှာမရှိလောက်ဘူးလို့ သူခန့်မှန်းမိခဲ့ပြီးမျှော်လင့်သလိုပဲ ယွီရမ်က မူတန်အကြောင်းမေးလာပြီး သူမရဲ့ ဆပ်ကပ်အဖွဲ့က နယ်ကို Charity Performanceအတွက် သွားသည့်အကြောင်းကို မေးလာခဲ့သည်။ ချင်ဝေ့ဟော်က တံခါးကို နှစ်ချက်လောက် ခေါက်လိုက်ပြီး ဝင်လာခဲ့​၏။

"အိုး, နတ်ဆိုးလေး စကားပြောလာပြီ!" ယွီရမ်က ပြုံးကာ နှုတ်ဆက်လာသည်။

ဧည့်ခန်းထဲက ကော်ဖီစားပွဲပေါ်မှာ ဝိုင်ခွက်တစ်ခွက်ရှိနေသည်ကို ချင်ဝေ့ဟော်က တစ်ချက်ကြည့်ပြီး လျှောက်လာကာ ,

"ကျွန်တော် ကားသော့ယူဖို့ လာခဲ့တာ"

သူ တောထဲကို rock Climbing သွားတဲ့အခါ သူ့ကိုယ်ပိုင်ဆိုင်ကယ်ကို အမြဲလိုလိုစီးတတ်သည်။ ဝေးတဲ့အခါမှာတော့တောင်တက်Gymက ကားကို ယူမောင်းလေ့ရှိသည်။ သို့သော်လည်း တောင်တက်Gymက ကားက ဒီနေ့မှာ ပြင်ရန် ပို့ထားသောကြောင့် ညလယ်ကြီးမှာ ကျုံးကျင်းရဲ့ ကားကို ငှားဖို့ လာခဲ့တာဖြစ်လေသည်။

ကျုံးကျင်းက အစောပိုင်းတည်းက ချင်ဝေ့ဟော် WeChat Messageကို ရထားခဲ့ပြီး ကားငှားဖို့ သဘောတူထားသော်လည်းသူ အခုထိ ပဟေဠိဖြစ်နေဆဲပင်။

"မင်းက သဘက်ခါမှ သွားမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား? ဘာလို့ ရုတ်တရက်ကြီး မနက်ဖြန်ကို ပြောင်းလိုက်ရတာလဲ? "

"ကျွန်တော့် သူငယ်ချင်းနဲ့ သွားမှာမို့"

ဆိုဖာပေါ်က အကြီးနှစ်ယောက်မှာ ချက်ချင်း အံ့ဩသွားတဲ့ အမူအရာဖြစ်သွားပြီး ထင်သားပဲ'ဆိုတဲ့ မရေမရာအကြည့်မျိူး ဖြစ်သွားကြသည်။

ချင်ဝေ့ဟော်က သူတို့ရဲ့ အတွေးနယ်ချဲ့နေတာကို ကြားဖြတ်လိုက်​၏။

"ယောက်ျားလေး သူငယ်ချင်း"

ယွီရမ်က ချက်ချင်းပင် ခန့်မှန်းချက်ထုတ်လိုက်သည်။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Where stories live. Discover now