မိုင်- မိုး ကိုယ်ဆန်ပြုတ်ပြုတ်လာတယ် သိပ်တော့မကောင်းလောက်ပေမယ့် သည်းခံစားလိုက်နော် ဒီနေ့မနက်စာက ထမင်းကြော်မို့ရင်ပြည့်မှာစိုးလို့မကျွေးတာ

မိုး- ဘာလို့အပင်ပန်းခံနေတာလဲ ခေါက်ဆွဲလေးပဲပြုတ်လိုက်ရင်ရရဲ့သားနဲ့

မိုင်- ခေါက်ဆွဲပြုတ်ကျ ရင်ပြည့်နေမှာစိုးလို့လေ အချစ်ရယ် ဆန်ပြုတ်စားမှ အားရှိမှာပေါ့

ကျွန်မဘာမှ‌ပြောမနေဘဲ ဆန်ပြုတ်ကိုတစ်ဇွန်းချင်းခပ်ပြီးသောက်နေလိုက်တယ်။

မိုင်- အရသာဘယ်လိုလဲ စားလို့ရရဲ့လား

မိုး- စားလို့ရလို့စားနေတာပေါ့လို့

မိုင်- ကောင်းရောကောင်းလို့လား

မိုး- မပြောတတ်ဘူး

မိုင်- အဲ့လောက်တောင်ဆိုးလား

မိုး- ရော့ မြည်းကြည့်မလား သိချင်ရင်

မိုင်ကတစ်ဇွန်းခပ်မြည်းလိုက်ပြီး မျက်နှာကြီးကရှုံ့တွသွားတယ်။

မိုင်- ဟင် ဘာအရသာမှလဲမရှိဘူး ရေလိုပဲ

မိုး- အာ့ကြောင့်ပြောတာပေါ့ သူ့အရသာမပြောတတ်ဘူးလို့

မိုင်- အဲ့ဒါကြီးကိုဘာလို့ဆက်စားနေတာလဲ

မိုး- စားစေချင်လို့လုပ်ပေးထားတာမဟုတ်ဘူးလား

မိုင်- ဟုတ်တော့ဟုတ်ပေမယ့် အရသာမှမရှိတာ

မိုး- ငါ့အတွက်ကတော့အဆင်ပြေပါတယ် မိုင်လုပ်ကျွေးတဲ့ပထမဆုံးဆန်ပြုတ်မလား

"နောက်ဆုံးဆန်ပြုတ်ဆိုလဲမှန်တာပဲ" ဆိုတဲ့စကားကိုတော့သူမကြားအောင် ရင်ထဲကပဲပြောလိုက်မိတယ်။

မိုင်- အင်းနော် စဉ်းစားကြည့်လိုက်တော့ ကိုယ်မင်းကိုမလုပ်ပေးရသေးတာတွေအများကြီးပဲ မင်းနဲ့အတူလုပ်ချင်တဲ့အရာတွေလည်းအများကြီးရှိနေသေးတယ်

မိုး- ဟုတ်လား ဘယ်လိုဟာမျိုးလဲ

မိုင်- အတူတူဟင်းချက်ကြည့်ချင်တယ် လျှောက်လဲမလည်ဖူးဘူးမလား ခရီးလဲထွက်ချင်သေးတာ နှစ်ယောက်ထဲပေါ့

ဤမျှသာWhere stories live. Discover now