အခန်း(၅)

Start from the beginning
                                    

"အဲ့နေ့ကလို ရမ်းကားတာ ဘာကြောင့်လဲ။ကောင်းမြတ်သန့်နဲ့အတိတ်ကြောင့် အထင်သေးပြီး လုပ်တာလား။ကျွန်မက ကားတင်ပြေးခံရဖူးတယ်ဆိုပြီး ရှင်က ရှင်က"

ရှေ့ဆက်မပြောနိုင်တော့ပဲ ခင်မင်း မျက်ရည် တစ်စက် ပေါက်ခနဲ ကျသွားသည်။ဒင်ဘယ်လ်သန့် ရင်ထဲ စစ်ခနဲ နာသွားသည်။သူမ မျက်ရည်တွေကို သန့် မခံနိုင်သလိုဖြစ်ပြီး ကိုယ့်ကိုယ်ကိုလည်း အပြစ်ရှိကြောင်း ခံစားလိုက်ရသည်။

"​မ ရယ်"

သန့်ရဲ့ တီးတိုးရေရွတ်လိုက်သံကြောင့် ခင်မင်း သန့်မျက်နှာကို အလန့်တကြားကြည့်လာသည်။ထုတ်လည်းမမေးရဲပဲဇဝေဇဝါဖြစ်နေပုံလေးကိုကြည့်၍ သန့်လည်း ဘာမှမပြောလိုက်သလို ခပ်တည်တည်နေလိုက်သည်။

"ဘယ်ကနေ စဖြေရမလဲဆိုတော့ အင်း ကိုယ်က ကိုယ့်ကိုယ်ကို မိန်းခလေးစိတ်ဝင်စားလား၊ ယောကျ်ားလေးစိတ်ဝင်စားလားဆိုတာ တစ်ခါမှ မဝေခွဲဖူးဘူး။ဒါပေမယ့် နိုင်ငံခြားမှာနေတုန်းက တွဲခဲ့တဲ့ မိန်းခလေးတစ်ယောက်တော့ရှိတယ်။သူငယ်ချင်းပါ။သူငယ်ချင်းဆိုပေမယ့် အနေအထိုင်လွန်တာမျိုးတော့ရှိပါတယ်။ကိုယ်ကလည်း အပေါင်းအသင်းနည်းတော့ တစိုက်မတ်မတ်တွဲဖြစ်တဲ့တစ်ယောက်ဆိုပါတော့။ကိုယ့်ကို အရမ်းကြွေနေတဲ့ ယောကျ်ားလေး ဘော်ဒါတစ်ယောက်လည်းရှိတယ်။ဒါပေမယ့် ကိုယ်က ပြန်မကြိုက်ဘူး။ဘယ်လိုမှမခံစားရဘူး။ဒါက ကိုယ့်ပတ်သက်မှုတွေကို အကြမ်းဖျင်းပြောပြတာ။ကောင်းမြတ်သန့်ရဲ့ဆွေမျိုးလားဆိုတာလည်း ဟုတ်တယ်။နောက်ဆုံးတစ်ခု ဒေါ်ခင်မင်းရှိန်ကို ကိုယ်က အထင်သေးပြီး စော်ကားတာမျိုးတော့မဟုတ်ဘူး။ဘယ်လိုပြောရမလဲ။ကိုယ် နမ်းမိတိုင်း ပွေ့ဖက်မိတိုင်းက ကိုယ့်မသိစိတ်ရဲ့အတွင်းတစ်နေရာက စေ့ဆော်မှုကြောင့်ပါ။စိတ်ထဲမှာ ဘာမှ မကြံစည်ထားပါဘူး။ဒီလိုဖြစ်ချင်လာတဲ့အခါတိုင်း ကိုယ့်ဘက်က ထိန်းချုပ်ပြီး မနေလိုက်တာကတော့ ကိုယ့်အတ္တ​လားပဲမသိဘူး။"

"အတ္တ မဟုတ်ဘူး။ရှင်နဲ့ကျွန်မကြားမှာ အတ္တဖြစ်လောက်စရာထိ အလေးအနက် မပတ်သက်ဘူး။ဒါက တမင်သက်သက် ကျွန်မအပေါ် ရှင့်စိတ်က အထင်သေးနေတာ။ရှင့်မှာ အရင်ပတ်သက်မှုတွေလည်းရှိခဲ့ဖူးတော့ လက်ရဲ ဇက်ရဲနိုင်တာကို ကျွန်မ မအံ့သြတော့ပါဘူး။နောက်တစ်ခု ကောင်းမြတ်သန့် နဲ့ပတ်သက်တဲ့ ကုမ္ပဏီမှန်း မသိခဲ့လို့ ကျွန်မ အလုပ်လျှောက်ခဲ့တာ။သိခဲ့ရင် လုံးဝ ခြေဦးမလှည့်ဘူး။ရှင်တို့အသိုင်းအဝိုင်းကို ကျွန်မ စိတ်ထဲမှာ ဘာမှမကျန်အောင် ကုန်သွားခဲ့ပြီးပြီ။ခုလည်း ကျွန်မ ဆက်မပတ်သက်ချင်ဘူး။ရှင် ဘယ်လိုလုပ်ပေးမလဲ။ကျွန်မဘက်က အလုပ်ထွက်လိုက်ရင် ပြီးပြီ။ရှင်းရှင်းလေးပဲ။ရှင့်ဘက်က သာ ကျွန်မကို စာချုပ်​တွေ၊ လျှော်ကြေးတွေနဲ့ တုပ်နှောင်ထားတာ။ဒါလည်း ရှင် ကျွန်မကို သက်သက်ညစ်နေတာ သိတယ်။ရှင့်ကုမ္ပဏီက ကျွန်မလိုလူတစ်ယောက်ကို ထုတ်လိုက်လို့ ဘာမှ နစ်နာမသွားဘူး။ပြန်ခန့်ဖို့ ကျွန်မထက်တော်တဲ့လူတွေမှ တပုံကြီးပဲ"

ဖွဲ့နှောင်ရစ်သည် [ Complete ]Where stories live. Discover now