Part 18 ( Our Wedding Night )

Start from the beginning
                                    

အိမ်သို့ပြန်ရောက်သည်နှင့် ရေခဲသေတ္တာထဲသို့ ဝယ်လာသောပစ္စည်းများအာ ဒိုင်ခံထည့်နေရသူမှာ ထက်မြတ်သာဖြစ်သည် သူမက မောလို့ဆိုပြီး ဧည့်ခန်းမှာတင် နားလို့နေသည်

" မိန်းမရေ ဘာဟင်းချက်ပေးရမလဲ "

" ကြက်သားကို အသီးအရွက်စုံနဲ့ကြော်တာ စားချင်တယ် " တစ်ယောက်ကမီးဖိုချောင်ထဲကလှမ်းပြောပြီး ကျန်တစ်ယောက်က ဧည့်ခန်းထဲက လှမ်းအော်နေသည်

အာ့ဒါဆို မောင့်ကို အရွက်လေးလာဝိုင်းချွေပေးဦး

" Ok Ok လာပြီ "

" တစ်မျိုးထဲလား "

" အင်း ရပြီလေတစ်မျိုးဆို ခုမှယူထားကြတာ ပိုက်ဆံကိုချွေတာစုဆောင်းရမယ်လေ "

" မောင့်မိန်းမကို မောင်ရှာကျွေးနိုင်ပါတယ်နော် ဒီလောက်ကတော့အေးဆေး "

" သိပါတယ်ရှင့် မောင့်ကို အရမ်းကြီးမပင်ပန်းစေချင်လို့ပါနော် "

ချက်ပြုတ်ကြော်လှော်ပြီးသွားတော့ ထမင်းစားစာပွဲပေါ်တွင် ကြက်သားနဲ့အသီးအရွက်စုံကြော် ၊ ပုစွန်ခြောက်ထောင်းတည့်ထားသော ငပိရည်လေးတစ်ခွက်ရယ် ၊ ဟင်းချိုးပန်းကန်လုံးလေးတစ်ခုရယ်၊ တို့စရာအနည်းငယ်နဲ့ ကျွန်မတို့နှစ်ယောက်အတွက် သည်ထမင်းမှာ ပြည့်စုံလှပါသည်

" မောင် ဟ " မျက်နှာချင်းဆိုင်ခုံတွင်ထိုင်နေသောကျွန်မကို မိုးက ထမင်းခွေ့ကျွေးနေသည်

" ကောင်းလား "

" အရမ်း အရမ်းကောင်းတယ် " ကျွန်မပြောတော့ သူမသဘောကျနေလေရဲ့

ကိုယ်ချစ်တဲ့သူနဲ့ ခုလိုမျိုး သူ့မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်း ထမင်းလက်ဆုံစားရလိမ့်မယ်လို့ ကျွန်မဘဝမှာရှိလာလိမ့်မယ်လို့အရင်ကမထင်ခဲ့မိဘူး မိသားစုထမင်းဝိုင်းဆိုတာ ဘယ်သူတုန်းကစားခဲ့လဲဆိုတာလဲ ကျွန်မမမှတ်မိတော့ပါ ခုလိုချစ်ရတဲ့သူကို မျက်စိရှေ့ထားပြီး ထမင်းစားနေရသည့်အခိုက်အတန့်ကြောင့်လားမသိ ကျွန်မမျက်ဝန်းထဲမှာ အရည်ကြည်ဥများ တစ်စက်ချင်းလိမ့်ကျနေတော့သည်

" မောင် ငိုနေတာလား ဘာဖြစ်လို့လဲဟင် မိုးခဏက ကျွေးလိုက်တာ ငြုပ်သီးများသွားလို့လား " ကျွန်မဘက်ကို ချက်ချင်းထလာပြီး ဂရုတစိုက်မေးနေတဲ့ သူမရဲ့ ခါးအားတင်းကြပ်စွာဖက်ထားလိုက်ပြီး ကျွန်မပို၍ ရှိုက်ငိုနေမိသည်

တိတ်ဆိတ်သောရင်ခုန်သံWhere stories live. Discover now