နှောင်း ဦးလေးဖြစ်သူကို ကြည့်ပီး ဘာမှမပြောနိုင်တော့ပါ။ သူကြောက်နေရင်း လက်ဖျားတွေ တုန်နေလေသည်။ ဒါကိုသတိထားမိတဲ့ စက်က သူ့လက်ကို ဆုတ်ကိုင်လာသည်။ နှောင်းဆေးကုနေတာ ခုဆိုလျှင် နှစ်လလောက်ရှိနေပီ ဖြစ်သဖြင့် အသိစိတ်က အနည်းငယ်တော့ ပြန်ရနေပီ ဖြစ်သည်။ သို့သော် ကြောက်စိတ်ကတော့ သေချာ အရှင်းမပျောက်သေးပေ။

တစ်ယောက်တည်းရှိနေခြင်းထက် ဘေးနားမှာ ရှိနေပေးတာက ပို၍ပင် လုံခြုံစေသလိုဖြစ်သဖြင့် စက်က သူ့အနားကနေ မခွဲမခွာ နေနေပေးသည်။ စက် မရှိရင်လည်း သားလေးက အနားမှာနေပေးသည်။ အိမ်မှာပဲ အနေများသဖြင့် အိမ်ကို အစောင့်များစွာ ထားထားပေးသည်။

နှောင်းတို့ အနားကို မမဆောင်းနှင်းဖြူ တို့ လင်မယားရောက်လာပီး

'' မောင်လေး... ''

'' ဗျာ.... မမဆောင်း''

'' မမ... ထပ်ပီးတောင်းပန်ပါတယ်။ အဖေက အဲ့လောက် မိုက်ရူးရဲဆန်မှန်း မထင်ထားခဲ့ဘူး။ ညီမလေးရောပဲ အစ်မ အိမ်ကထွက်သွားတော့ အဖေတို့နဲ့ အဆက်အသွယ်​​ ပြတ်သွားခဲ့တာ ညီမလေး ရဲ့ နှလုံးခွဲစိတ်ပီး ပျောက်သွားတာတောင် မသိခဲ့ရဘူး။ တောင်းပန်ပါတယ် အရာရာ အတွက်.... မောင်လေး စက် ကောပဲ''

''ဟုတ်ကဲ့ ရပါတယ်.... ကျွန်တော် အရာရာကို မေ့ပစ်ချင်ပီ မမ..... ခုကိစ္စမှာ မမ မှားတာ မဟုတ်ခဲ့လို့ ကျွန်တော့်ကို မတောင်းပန်ပါနဲ့''

'' အေးကွယ် မမ ကို ကိုယ့်အစ်မတစ်ယောက်လို ခင်နိုင်၊ ခေါ်နိုင်ပါတယ်နော် ''

''ဟုတ်ကဲ့ဗျ''

'' ဒါဆို မမတို့ ပြန်နှင့်တော့မယ်နော်''

ဆောင်းနှင်းဖြူ တို့ထွက်သွားတော့မှ နှောင်းတို့လည်း ထိုနေရာမှထွက်သွားလိုက်သည်။ စက်က နှောင်းကို ကားပေါ်ထိ တွဲပို့ပေးပီး သူလည်းကားပေါ်ဝင်ထိုင်လိုက်သည်။

'' နှောင်း''

'' ဗျာ''

'' အင်း.... ကိုယ်... ကိုယ်လဲတောင်းပန်ပါတယ်... အရာရာအတွက်''

'' ...... ''

'' ကိုယ့်ကို ခွင့်လွှတ်ပေးပါနော်''

Soulmates (Completed)Onde histórias criam vida. Descubra agora