'ဒီလူ ဘာအချိုးချိုးတာလည်း။
တစ်စစီ အလုပ်ခံချင်လို့။'

ရိ​ပေါ်ကိုယ်ငယ်​လေးအား မထိတထိ တွန်းလို့ ခပ်​ဝေး​ဝေးသို့​လျှောက်သွားတဲ့ထိုလူဟာ မလှမ်းမကမ်းမှာ ထိုးရပ်ထားတဲ့ သူ့ကား​ပေါ်သို့ လွှားခနဲ တက်လိုက်ရင်း ကားမှန်ကိုချလို့ ​​​နှုတ်ခမ်းပါးတို့ကို ​ကွေးညွတ်ရင်း ဆိုလာသည့် အ​ပြော​မှာ ရိ​ပေါ် အနှစ်နှစ်အလလ တည်​ဆောက်ထားရတဲ့ မာနတံတိုင်းတို့ဟာ တစ်ထစ်ချင်း ပြိုလဲကျသွားရသလို။


"ဘယ်လိုလုပ်ရင် အိမ်ပြန်​ရောက်မှာလည်း ဆို​တော့...
မင်းငါ့ကို ​တောင်းဆိုသလို​ပြောကြည့်ရင် အိမ်ပြန်​ရောက်ပြီ"

အ​ဝေးကို တွန်းထုတ်မလား။
အနားကို ဆွဲ​ခေါ်မလား။
ဒီစည်းကို​ကျော်မိရင်​တော့ ဆုတ်စရာလမ်းမရှိ​တော့ဘူး။
ကျိန်စာအတွက် ​ဖြေ​​ဆေးက အချစ်စစ်လို့ Von Rothbart ကတိုင်တည်သတဲ့။
ယုံကြည်ချက်မရှိရင် ဘဝတစ်ခုလုံးကို အစ​တေးမခံလိုက်နဲ့။
ရိုက်ချိုးခံလိုက်ရတဲ့ ​​မျှော်လင့်ချက်တစ်စ၊
နှုတ်ယူခံလိုက်ရတဲ့ အသက်တစ်​​ချောင်း။

~~~~~~~~~~~~~~~~~~~

​ညဘက် ညဥ့်နက်သန်း​ခေါင်ယံအချိန်တစ်ခုမှာ လက်ခံ​​ဖြေဆိုလိုက်မိတဲ့ ဖုန်းနံပါတ်အစိမ်းတစ်ခု​ကြောင့် ​ ရှောင်းကျန့်ယခုအချိန်ထိ တစ်စက်မှမနားရ​သေး။
ဖုန်း​ call ​​ရဲ့ အဆုံးသတ်မှာ တုံ့ဆိုင်းခြင်းတစ်စုံတစ်ရာမရှိပဲ လိုအပ်တဲ့ ပြင်​ဆင်မှု​တွေ ပြုပြီးတဲ့​နောက် နေ​​ရောင်ကောင်း​ကောင်းမထွက်​သေးတဲ့ မနက်​ဝေလီ​ဝေလင်း အချိန်မှာပဲ ​ရှောင်းကျန့်ရဲ့ ကား​လေးဟာ မြို့ပြင်ဘက်က ​ဆေးရုံတစ်ခုသို့ ဦးတည်
လို့ ​​ပြေး​လွှားနေခဲ့ရပြီ။
တဖွဲဖွဲကျ​နေတဲ့ မိုး​တွေ​ကြောင့် ပတ်ဝန်းကျင်ဟာ လိုတာထက် ပိုလို့ မဲ​မှောင်​နေသည်။
​ဘေးဘီမှာ ပြိုင်​မောင်းဖို့ရာ ကားတစ်စီးတစ်​လေ​တောင်မရှိ​ပေမယ့် ​ရှောင်းကျန့်က လီဗာကို အားနဲ့နင်းလို့ အရှိန်ကို အဆုံးထိတင်သည်။
ပူပန်မှု​​ကြောင့် ​ရှောင်းကျန့်ရဲ့ မျက်ဆံတွေဟာ ​ဆောက်တည်ရာမရ။
မိုး​တွေက ရွာလိုက်တာ။
​အေးစက်စက် ကြမ်းပြင်​ပေါ်မှာ သန်မာချင်​ယောင်​ဆောင်​နေတဲ့ ကောင်​လေးတစ်​ယောက် အရမ်းများ အထီးကျန်​နေမလား။

Caligari(Complete)Where stories live. Discover now