ဒီအဝတ်အစားတွေက သူ တည်တံ့သော် ခန္ဓာကိုယ်ထဲကိုစရောက်တဲ့နေ့ကအဝတ်အစားပင်။
ဖိနပ်မပါသော ခြေဖဝါးလေးတွေက ပန်းရောင်သန်းနေသေးလျက်.. အတော်ချစ်စရာကောင်းသောကောင်လေးပါပေ။

"ဒီမှာရှိနေသေးရင် ဘာလို့ဒီခန္ဓာကိုယ်ဆီပြန်မလာရတာလဲ"

"ကျွန်တော် မနေချင်တော့ဘူး အစ်ကို"

မျက်နှာလွှဲကာ ခေါင်းငုံ့သွားသည့်ကောင်လေးအသံက တိုးလျလျ။
ရင်ထဲဆစ်ခနဲဖြစ်သွားရကာ ကောင်လေး၏ပုခုံးတစ်ဖက်ကို ဖွဖွပုတ်ပေးလိုက်တော့ သူ့ကို ပြန်မော့ကြည့်လာသည့်မျက်ဝန်းတွေထဲ ပုလဲသီနေသည်။

"ဘာလို့လဲ မမေးတော့ပါဘူး.. ဒါပေမယ့် ကိုယ်ကအခုမင်းခန္ဓာကိုယ်ကိုယူမိသလိုဖြစ်နေတာဆိုတော့ ကိုယ့်ကိုဘာလုပ်ပေးစေချင်လဲ ညီဖြစ်ချင်တာမှန်သမျှ အကိုဖြည့်ဆည်းပေးပါ့မယ်"

ထိုကောင်လေးကခေါင်းရမ်းပြလာ၏။
လှလွန်းသည့်ကောင်လေးက အရာရာကိုအရှုံးပေးထားသည့်ဟန်။

သူ အရှေ့သို့တစ်လှမ်းတိုးလိုက်ကာ ကောင်လေး၏လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်တော့ ကောင်လေးကအံ့အားသင့်သွားပုံရကာ မျက်လုံးတို့ကဝိုင်းစက်သွားသည်။

"ညီ ဒီခန္ဓာကိုပြန်ယူချင်လား.. အကိုကမဟုတ်လည်း သေလူပဲလေ ပြီးတော့ဘာမှမက်မောစရာ တမ်းတစရာမကျန်ခဲ့ဘူး ခန္ဓာကလည်းပြာဖြစ်သွားပြီ
မိဘတွေတော့ရှိသေးပေမယ့် တစ်ဘဝကို သံယောဇဥ်ဆိုတာတွေတော့ကျန်မှာပဲ
ညီကတော့ မတူဘူးလေ ရှေ့လျှောက်စရာတွေအများကြီး ကျန်သေးတယ်"

ပုခုံးအစုံတို့တုန်လှုပ်ကာ အသံမထွက်ဘဲငိုနေရာမှ တစ်ဖြည်းဖြည်းရှိုက်ကြီးတငင်...။

" ကျွန်တော်ကပျော့ညံ့တယ် အကို
ကျွန်တော် နေရတာမပျော်ဘူး အကုန်လုံးဆီကနေထွက်ပြေးချင်နေပြီ
ပြီးတော့....."

တည်တံ့သော် ဆုပ်ကိုင်ထားသည့်လက်တို့ကိုတစ်ချက်ဖျစ်လိုက်တော့ ကောင်လေးကအငိုမျက်ဝန်းတွေနှင့် ပြုံးပြလာသည်။

အရမ်းလှတာပဲ......

"ကျွန်တော် သွားရတော့မယ်
ကျွန်တော် ဘာမှမမက်မောတော့ပါဘူးအကို
အဲ့တာကြောင့် ဒီကိုယ်ကို အကိုကြိုက်သလိုစီမံလို့ရပါတယ်"

Transmigrated Into  Fragile,Cottony Body အလှလေးကိုယ်ထဲသို့ကူးပြောင်းခြင်းWhere stories live. Discover now