4

287 47 3
                                    

Unicode

အဖော်လုပ်ပေးရမလား?
ဘာတဲ့ အားနေတယ်?
ဘောကိုသွားအားနေလိုက်!
တည်တံ့ မျက်လုံးလေးကလယ်ကလယ်နှင့် အပြစ်ကင်းတဲ့ကြောင်ပေါက်လေးတစ်ကောင်လို ပြုမူလိုက်သည်။

"ဒါပေမယ့် ကျွန်တော်ကကြာမှာ အကို့ကိုအနှောင့်အယှက်ပေးသလိုဖြစ်နေပါဦးမယ်"

ဒါက ညင်သာယဥ်ကျေးတဲ့နှင်ခြင်းတစ်မျိုးပဲ
ဒါကို ကမ္ဘာလွှမ်းလိုလူကြီးလူကောင်းကသိသည်။
ဒါပေမယ့် ဘယ်လိုလုပ်မလဲ..
ကမ္ဘာ မသိချင်ယောင်ဆောင်ဖို့ဆုံးဖြတ်လိုက်ပြီလေ။

ကောင်လေးရဲ့ ထိတ်လန့်အံ့သြသွားသလိုမျက်ဝန်းတွေက အပြင်ဘက်အနားရစ်လေးတွေဝိုင်းစက်သွားပေမယ့် သေချာကြည့်လျှင်ရေပြင်အလားတည်ငြိမ်နေတာကိုတွေ့ရပေလိမ့်မည်။
မည်သည့်စကားမှပြန်မဆိုသေးဘဲ တည်တံ့သော်ရဲ့မျက်ဝန်းညိုညိုတွေထဲစိုက်ကြည့်လိုက်သည်။
တစ်စက္ကန့် နှစ်စက္ကန့်....

ကားတံခါးကိုပိတ်လိုက်ကာ အထက်တန်းကျလှသည့်ခြေတံရှည်တွေက သူ့အနားတိုးကပ်လာသည်အထိ တည်တံ့ကျောက်ရုပ်ဖြစ်နေတုန်း..
အခုက ဒီလူဘာလုပ်..?!

"လာလေ အထဲဝင်စို့
ကိုယ်လည်း ဒီလိုဆိုင်မထိုင်ဖူးဘူး
အတွေ့အကြုံရတာပေါ့"

အရှေ့ကနေ ဘောင်းဘီအိတ်ကပ်ထဲလက်တစ်ဖက်ထည့်ကာ တစ်ဖက်ကကားသော့ကိုကိုင်ပြီး မော်ဒယ်လ်အလားဆိုင်ထဲဝင်သွားသည့်ကမ္ဘာလွှမ်းကြောင့် စိတ်အလိုမကျစွာနှုတ်ခမ်းမဲ့လိုက်သည်။
သည်လူ့အတွက်ကြောင့်နှင့် စိတ်အခြေအနေလေးမပျက်စီးချင်တာကြောင့် ဆိုင်ထဲဝင်လိုက်တော့၏။

သူ ခေါက်ဆွဲဘူးတွေထားတဲ့စင်ဘက်ကိုသွားလိုက်သည်။
အနောက်ကနေ ​​တိတ်တဆိတ်လိုက်နေတဲ့လူကိုလျစ်လျှူရှုပြီးတော့ပေါ့။
အရင်ဘဝကသူအရမ်းကြိုက်တဲ့ ချိစ်ခေါက်ဆွဲဘူးရယ် ပေါင်မုန့်တစ်ချပ်ရယ် ချောကလက်ဖျော်ရည်ဘူးရယ်ကိုယူပြီး ကောင်တာသို့ငွေရှင်းရန်သွားဖို့အပြင် ရုတ်တရက် ကမ္ဘာလွှမ်းကိုသတိရသွားသည်။

"အကိုရော ဘာစားဦးမလဲ?"

မေးသာမေးရတာ ကမ္ဘာလွှမ်းလိုကြီးမြတ်တဲ့သခင်ကြီးက ဒီလိုသာမန်လူတန်းစား စားတဲ့အရာတွေစားပါ့မလား
လောကွတ်ပြူငှာမှုအပြီး မျက်နှာအနည်းငယ်နီချင်သွားသည်။
သို့သော် ထူးဆန်းစွာဘဲ ထိုလူကကော်ဖီတစ်ဘူးကိုယူလိုက်၏။
ကြီးမြတ်တဲ့သခင်ကြီးက အပေါစားရယ်ဒီမိတ်ကော်ဖီကိုသောက်မယ်?!

Transmigrated Into  Fragile,Cottony Body အလှလေးကိုယ်ထဲသို့ကူးပြောင်းခြင်းOù les histoires vivent. Découvrez maintenant